2014 အတွက်လိုက်နာရမယ့် အစားအသောက် စည်းမျဉ်းအသစ်တွေ

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘာတွေရှောင်ရမယ် ၊ ဘာတွေစားရမယ်နဲ့ စိတ်ရှုပ်နေရတဲ့သူတွေအတွက် စာရင်းအသစ်တွေ လာပါပြီ။ ခန္ဓာကိုယ် တစ်ခုလုံးစာအတွက် လိုအပ်တဲ့ အာဟာရဓါတ်ကို ဘယ်နေရာကနေရနိုင်မလဲ။ ကင်ဆာ ကိုလည်း တိုက်ဖျက်နိုင်စွမ်းရှိတယ်။ ကိုလက်စထရောကိုလည်း လျော့ကျစေတယ်။ သွေးဖိအားကိုလည်း ကျစေတယ်။ မှတ်ဉာဏ်ကိုလည်းအားကောင်းစေနိုင်တယ်။

ဒါကြောင့် အခုဖော်ပြပေးမယ့် အစားအစာ စာရင်းလေးကို လေ့လာကြည့်ရအောင်။

(၁) အသားအရေလှပဖို့ အပြင်

မုန်လာဥနီဆိုတာနဲ့ အသားအရေလှတာတစ်ခုတည်း မထင်ပါနဲ့။ မရှိမဖြစ်လိုအပ်တဲ့ အမျှင်ဓါတ်နဲ့ ဗီတာမင်တွေ မုန်လာဥနီမှာ အများအပြားပါဝင်ပါတယ်။ ဒါတွေက သင့်ကို ကောင်းကျိုးအများ အပြားပေးပါတယ်။

(၂) ခါးသက်ခြင်းက ချိုမြိန်စေတယ်

ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အစားအသောက်တွေကို တန်းစီလိုက်ရင် သူတို့က ထိပ်ဆုံးမှာ ရှိပါတယ်။ အရသာမကောင်းပေမယ့် စားပေးသင့်တဲ့ အရာတွေထဲမှာ ကြက်ဟင်းခါးသီး ၊ ဆလပ်ရွက်တို့ ပါဝင်ပါတယ်။ ကယ်လဆီယမ်ဓါတ်နဲ့ အန်တီအောက်ဆင့်ဒင့် ပါဝင်မှု ပမာဏ ကြွယ်ဝတဲ့ အသီးအရွက် တွေပါပဲ။

(၃) ညိုမှောင်တဲ့ အရောင်ရှိ အသီးများ

အသားအရေ ညိုမှောင်မှောင်ရှိတဲ့ အစားအစာတွေဟာ anthocyanin ပါဝင်ပါတယ်။ ဒါက ဘာကိုဆိုလိုသလဲဆိုတော့ ကျန်းမာရေးအတွက် အလွန်အမင်း အထောက်အကူပြုတယ်လို့ ဆိုတာပါ။ ဘလက်ဘယ်ရီသီး ၊ ဘလူးဘယ်ရီသီး ၊ အနီရောင်ဘယ်ရီသီး ၊ ငရုတ်ကောင်းနဲ့ စပျစ်သီးတို့ပဲ ဖြစ်ပါတယ်။

(၄) ကြက်သွန်ဖြူကို ဖြတ်ပိုင်းပါ

ဟင်းချက်ရာမှာ ကြက်သွန်ဖြူကို အလုံးလိုက်ထည့်ချက်မယ့်အစား လှီးဖြတ်ပြီးမှ ထည့်ချက်ပါ။ ဒီအခါ ဓါတုတုံ့ပြန်မှုအနေနဲ့ အင်ဇိုင်းဓါတ်တွေကို ထုတ်လွှတ်ပေးပြီး အဲ့ဒီဓါတ်ပေါင်းက နှလုံးရောဂါ ဖြစ်မှုကို လျော့နည်းစေပါတယ်။

(၅) ဆုတ်ဖြဲသင့်တဲ့ ဆလပ်ရွက်

ဆလပ်ရွက်တွေကို ဒီအတိုင်းသိမ်းထားမယ့်အစား ပိုင်းဖြတ်ပြီးမှ သိမ်းပါ။ ဒီလို ပိုင်းဖြတ်ခြင်းအားဖြင့် နဂို အန်တီအောက်ဆီးဒင့် ပမာဏရဲ့ လေးဆပိုမိုရရှိစေတယ်လို့ ဆိုပါတယ်။

Ref:mensxp

Source - Trend Myanmar


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်