၁။ အောက်ဖော်ပြပါ မြို့များရှိ စိုက်ပျိုးရေးသိပ္ပံများတွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ သင်တန်းတက်ရောက်လိုသူများ လျှောက်ထားနိုင်သည်။
စိုက်ပျိုးရေးဦးစီးဌာန- နေပြည်တော်(ပျဉ်းမနား)၊ သထုံ၊ မြောင်းမြ၊ ရွှေဘို၊ ပုသိမ်ကြီး၊ ပွင့်ဖြူ၊ သာယာဝတီ၊ ထားဝယ်၊ ဟဲဟိုး၊ မြစ်ကြီးနား၊ ဒီးမောဆို၊ ဇွဲကပင်(ဘားအံ)၊ လုံပီး(ဖလမ်း)၊ ကျောက်တော်
၂။ စိုက်ပျိုးရေးသိပ္ပံသို့ တက်ရောက်ခွင့်ရရှိသူသည် (၃) နှစ်သင်တန်း တက်ရောက်ရမည်ဖြစ်ပြီးထူးချွန်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ တက်ရောက်ရန် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရရှိမည်ဖြစ်ပါသည်။
၃။ လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရပါမည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သားဖြစ်ရမည်။
(ခ) အခြေခံပညာ အထက်တန်းကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဘာသာရပ် အတွဲဖြင့်အောင်မြင်သူဖြစ်ပြီးလျှောက်လွှာပိတ်ရက်တွင် (၃၁-၈-၂၀၁၈) ရက်တွင် အသက်(၂၂)နှစ်အထက်မကြီးရ။
၄။ လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာကျေးရွာ(သို့) မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့စခန်းတို့၏ ထောက်ခံချက်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်ရန် ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းပြီး ကျန်းမာရေးကောင်းမွန်ကြောင်း သက်ဆိုင်ရာဆရာဝန်၏ထောက်ခံချက်၊ စာမေးပွဲအောင်မြင်ကြောင်းနှင့် မွေးသက္ကရာဇ်အတွက် နောက်ဆုံးပညာသင်ကြားခဲ့သောကျောင်းမှ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်၊ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်စာရင်း(မူရင်းများ)၊ မိဘနှစ်ပါးနှင့်လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူများ၊ အိမ်ထောင်စုဇယား မိတ္တူများကို ပူးတွဲလျက် ၃၁-၈-၂၀၁၈ ရက်ထက်နောက်မကျစေဘဲ မိမိတက်ရောက်လိုသော စိုက်ပျိုးရေးသိပ္ပံသို့ တိုက်ရိုက်ပေးပို့ လျှောက်ထားရမည်။
၅။ ဝင်ခွင့်လျှောက်လွှာများကို အထက်ဖော်ပြပါ စိုက်ပျိုးရေးသိပ္ပံများတွင် ဝယ်ယူလျှောက်ထားနိုင်သည်။
၆။ အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၄၁၀၅၇၉၊ ၀၆၇-၄၁၀၂၉၆တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးဦးစီးဌာန
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်