ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သောအာဟာရဓာတ်များ

03/12/2020 11:45 AM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား

        ကျွန်တော်တို့မြန်မာနိုင်ငံတွင် ဘာသာရေးအရ ငှက်ပျောသီးနှင့် အုန်းသီးသည် အသုံးများဆုံး အသီးများဖြစ်ကြပါသည်။ ထိုသို့အသုံးပြုရာတွင်လည်း အဖီးလှသော ငှက်ပျောသီးများကိုသာ အသုံးပြုကြပါသည်။  ထို့ကြောင့် ငှက်ပျောအထွက်နှုန်းတိုးနိုင်ရန်နှင့် ငှက်ပျောသီးအရည်အသွေးကောင်းမွန်စေရန် ငှက်ပျောပင်၏ သက်တမ်းတစ်လျှောက် အာဟာရလိုအပ်မှုများကို သိရှိရန် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် ငှက်ပျောပင်သက်တမ်းတစ်လျှောက် လိုအပ်သော အာဟာရဓာတ်များကို ဆက်လက်လေ့လာကြရအောင်။

        ငှက်ပျောပင်သည် နှစ်ရှည်သီးနှံဖြစ်သောကြောင့် ငှက်ပျောပင်ကောင်းစွာကြီးထွား ဖွံ့ဖြိုးစေရန် ငှက်ပျောစိုက်သော မြေသည်  မြေသြဇာကောင်းမွန်ပြီး အစိုဓာတ်ကောင်းသော မြေဖြစ်ရန် အရေးကြီးပါသည်။ ငှက်ပျောပင်အတွက် သက်တမ်းတစ်လျှောက် ပထမဦးဆုံး သုံးလေးလသည် အဓိကအရေးကြီးသော ကာလဖြစ်ပါသည်။ ထိုကာလတွင် အာဟာရဓာတ် များ၊ အစိုဓာတ်များကောင်းစွာရရှိရန် လိုအပ်ပါသည်။ ဤကာလသည် ထွက်ရှိလာမည့် ငှက်ပျောခိုင်အလေးချိန်၊ ငှက်ပျောတစ်ခိုင်တွင် ပါရှိမည့် ငှက်ပျော အဖီးအရေအတွက်၊ ငှက်ပျောတစ်ဖီးတွင် ပါရှိမည့် ငှက်ပျောသီးအရေအတွက်ကို ဆုံးဖြတ်ပေးသော ကာလဖြစ်ပါ သည်။ ထို့ကြောင့် ငှက်ပျောပင်၏ ပထမသုံးလေးလတွင် အာဟာရဓာတ်များနှင့် အစိုဓာတ်ကောင်းမွန်စွာရရှိမှသာ အထွက်နှုန်းကောင်းပြီး အရည်အသွေးပြည့်ဝသော ငှက်ပျောသီးများ ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ငှက်ပျောစိုက်ပျိုးသော မြေသည်လည်း မြေချဥ်ငန်ဓာတ် pH - ၅နှင့်အထက်ရှိနေရန်လည်း အရေးကြီးပါသည်။ 

        ငှက်ပျောပင်ကို မြေသြဇာကျွေးရာတွင်လည်း ကျွေးမည့် အကြိမ်အရေအတွက်သည် မြေကြီးထဲတွင် မည့်သည့်အာဟာရဓာတ်များ ရှိနေမှုအပေါ်တွင် မူတည်ပါသည်။ ထို့ကြောင့် အနည်းဆုံးတစ်နှစ်တစ်ကြိမ် မြေကြီးကို ဓာတ်ခွဲသင့်ပါသည်။ ဖော့စဖောရပ်စ်သည် မြေကြီးထဲတွင် အချိန်ကြာမြင့်စွာ နေနိုင်သောကြောင့် တစ်နှစ်တွင် တစ်ကြိမ် နှစ်ကြိမ်သာ ကျွေးသင့်ပါသည်။ နိုက်ထရိုဂျင်နှင့် ပိုတက်ဆီယမ်သည် အပင်မှများစွာလိုအပ်ပြီး မြေကြီးထဲတွင် အချိန်ကြာမြင့်စွာ မနေနိုင်သောကြောင့် မကြာခဏကျွေးပေးသင့်ပါသည်။ 

        ငှက်ပျောပင်တွင်လိုအပ်သော အာဟာရဓာတ်များတွင်လည်း အများလိုအာဟာရဓာတ်များနှင့် အနည်းလိုအာဟာရဓာတ်များဟူ၍ ရှိပါသည်။ အများလိုအာဟာရဓာတ်များ တွင် အများဆုံးလိုအပ်သောအာဟာရဓာတ်မှာ ပိုတက်ဆီယမ်(K)ဖြစ်ပါသည်။ ထို့နောက် နိုက်ထရိုဂျင်(N)၊ ကယ်ဆီယမ်(Ca)၊ မက်ဂနီဆီယမ်(Mg)၊ ဖော့စဖောရပ်စ်(P) စသည်တို့ ဖြစ်ကြပါသည်။ အနည်းလိုအာဟာရဓာတ်များတွင်လည်း အများဆုံးလိုအပ်သော အာဟာရ ဓာတ်မှာ မင်းဂနိ(Mn)ဖြစ်ပါသည်။ ထို့နောက် အိုင်းရွန်း(Fe)၊ ဘိုရွန်(B)၊ ဇင့်(Zn)၊ ကော့ပါး (Cu) စသည့်တို့ဖြစ်ပါသည်။

        ပိုတက်ဆီယမ်သည် ငှက်ပျောပင်သက်တမ်းတစ်လျှောက်လုံးတွင် လိုအပ်ဆုံးသော အာဟာရဓာတ်ဖြစ်ပါသည်။ အပင်သက်တမ်းတစ်လျှောက်လုံးလိုအပ်သော ပိုတက်ဆီယမ်၏ ၈၀ ရာခိုင်နှုန်းကို ငှက်ပျောဖူးမထွက်မှီ ကျွေးပေးသင့်ပါသည်။ အစောပိုင်းကာလများတွင် ပိုတက်ဆီယမ်အနည်းငယ်သာ လိုအပ်ပြီး ငှက်ပျောဖူးမထွက်မှီနှင့် ထွက်ပြီးအချိန်များတွင် အများဆုံးလိုအပ်သည်။ ပိုဆက်ဆီယမ်သည် ငှက်ပျောပင် ပိုးမွှားရောဂါဒဏ်များကို ခံနိုင်ရည်ရှိစေပြီး အပင်ယိုင်လဲမှု အန္တရာယ်မှလည်း ကာကွယ်ပေးပါသည်။ 

         နိုက်ထရိုဂျင်သည် အပင်သက်တမ်းတစ်လျှောက်လုံးတွင် လိုအပ်သောကြောင့် သက်တမ်းတစ်လျှောက် အချိုးညီမျှစွာ ကျွေးပေးသင့်ပါသည်။ ကယ်ဆီယမ်သည် ငှက်ပျောပင် တွင် အရွက်အသစ်များထွက်ရန်အတွက် ကူညီပေးပါသည်။ ထို့ကြောင့် အပင်ငယ်စဥ်တွင်သာ ကယ်ဆီယမ်ကို ကျွေးပေးပြီး နောက်ပိုင်းတွင် အနည်းငယ်ကိုသာ ကျွေးပေးသင့်ပါသည်။ မက်ဂနီဆီယမ်သည် အပင်သက်တမ်းတစ်လျှောက်လုံးအနည်းငယ်သာ လိုအပ်သောကြောင့် သက်တမ်းတစ်လျှောက် အချိုးညီမျှစွာ ကျွေးပေးရပါမည်။ ဖော့စဖောရပ်စ်ကို တစ်နှစ် နှစ်ကြိမ် လောက်သာ ကျွေးသင့်ပါသည်။ ထို့အပြင် ငှက်ပျောသားတက်များ ကျန်းမာသန်စွမ်းစေရန် ဆာလဖာပါသော မြေသြဇာများကို သားတက်ထွက်ချိန်တွင် ကျွေးပေးရပါမည်။ အနည်းလို အာဟာရဓာတ်များကိုတော့ ပမာဏအနည်းငယ်သာ လိုအပ်သောကြောင့် သက်တမ်းတစ် လျှောက် အချိုးညီမျှစွာကျွေးပေးသင့်ပါသည်။ 

Source-https://www.haifa-group.com/banana-0/crop-guide-banana cultivation

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်