အိန္ဒိယဘက်က မတ်ပဲတန်ချိန် ၅၀၀၀၀ နဲ့ ၇၅၀၀၀ ကြား တင်သွင်းရန် ရှိနေဟုဆို

04/07/2022 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အိန္ဒိယအစိုးရက မြန်မာနိုင်ငံကနေ မတ်ပဲတန်ချိန် ၅၀၀၀၀ နဲ့ ၇၅၀၀၀ ကြားတင်သွင်းဖို့ရှိနေတယ်လို့ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဧရာကုန်သွယ်မှုဗဟိုဌာနက သတင်းထုတ်ပြန်လိုက်ပြီး မတ်ပဲဈေးဟာလည်း ဆက်တက်နေဆဲဖြစ်ပါတယ်။

 

စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာတဲ့ ဈေးနှုန်းအချက်အလက်တွေအရ ရန်ကုန်ဘုရင့်နောင်ဈေးကွက် မတ်ပဲဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့အပတ် တနင်္လာကနေ သောကြာနေ့အတွင်း တစ်တန် ကျပ် ၈၀၀၀၀ ကျော်စီ ဈေးတက်ခဲ့တယ်လို့ သိရပါတယ်။

 

ဒီတစ်ပတ်အဖွင့်ဈေးဖြစ်တဲ့ ဒီနေ့ ဇူလိုင် ၄ ရက်မှာလည်း မတ်ပဲဈေးဟာ ထပ်တက်လာပြီး မတ်ပဲ(FAQ/RC - 2022) ဟာ တစ်တန်ကို ၁၇၀၇၅၀၀ (တစ်တင်းဈေးနှုန်း ၅၄၉၀၀ ကျပ်) ဖြစ်လာပြီး မတ်ပဲ (SQ/RC-2021) ကတော့ တစ်တန်ကို ၁၉၃၇၅၀၀ ကျပ် (တစ်တင်းဈေးနှုန်း ၆၂၃၀၀ ကျပ်) ဖြစ်လာတာပါ။

 

မြန်မာမှာလဲ ပြည်တွင်းပဲလက်ကျန်နည်းလာသည်နှင့်အမျှ ဈေးကလည်းတက်လာနေတာ ဖြစ်ပေမယ့် အိန္ဒိယမှာတော့ ဈေးအမြင့်မှာငြိမ်နေတယ်လို့ ဧရာကုန်သွယ်မှုဗဟိုဌာနရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

 

အိန္ဒိယအစိုးရရဲ့ လက်ရှိအရန်ပဲလက်ကျန်က ပဲတီစိမ်းတန်ချိန် ၁၁၀၀၀၀၊ မတ်ပဲတန်ချိန် ၂၀၀၀၀၊ ပဲစင်းငုံတန်ချိန် ၉၀၀၀၊ ပဲရာဇာတန်ချိန် ၇၀၀၀နဲ့ ကုလားပဲကတော့ တန်ချိန် ၃၂၀၀၀၀၀ ရှိနေပြီး ပဲလက်ကျန်နည်းနေတယ်ဆိုပေမယ့် အိန္ဒိယအစိုးရဟာ ရှိတဲ့ပဲလက်ကျန်နဲ့ပဲ ပဲဈေးအများကြီးတက်မလာအောင် ပဲဈေးကွက်ကို ထိန်းချုပ်ဖို့ကြိုးစားပါလိမ့်မယ် လို့ ဧရာကုန်သွယ်မှုဗဟိုဌာနက သုံးသပ်ထားပါတယ်။

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်