COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

12/09/2020 16:09 PM တွင် သိန်းစိုးမင်း သိန်းစိုးမင်း မှ ရေးသား

၁၂-၉-၂၀၂၀) ရက်နေ့၊ မွန်းတည့် (၁၂:၀၀) နာရီ

၁။     ယမန်နေ့ (၁၁-၉-၂၀၂၀) ရက်နေ့တွ် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် တွေ့ရှိခဲ့ရသည့် COVID-19 လူနာများ၏ သတင်းအချက်အလက်များကို ဖော်ပြအပ်ပါသည်။

၂။ COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၃၂) နှစ်အရွယ် အမျိုးသမီး (Case 2165) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်းနှင့် အရေပြားလေးဘက်နာရောဂါ အခံကြောင့် ကျောက်ကပ် ပျက်စီးခြင်းတို့ဖြင့် (၁၁-၉-၂၀၂၀) ရက်နေ့၊ ညနေ (၄:၁၅) အချိန်တွင် သေဆုံးသွားခဲ့ပါသည်။ 

၃။ သို့ဖြစ်ပါ၍ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူစုစုပေါင်း (၁၅)ဦး ရှိပြီဖြစ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်