“ မြက်စားငါးကြင်း ဆေးထိုးသားဖောက်နည်း (၁) ”

01/06/2022 15:00 PM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား

မြက်စားငါးကြင်းငါးများကို ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ဆေးထိုးသားဖောက်ရန် အကောင်းဆုံးဖြစ်သည်။ 

မြက်စားငါးကြင်းကို ဆေးထိုးသားဖောက်ရာတွင် အခြားငါးများကဲ့သို့ နေ့ချင်းသားဖောက်၍မရဘဲ ဥရှိအမများကို ၁ ရက်ကြို၍ လှောင်ကန်ထဲတွင် အစာမကျွေးဘဲ လှောင်ထားရပါမည်။ 

အဘယ်ကြောင့်ဆိုသော် မြက်စားငါးကြင်းများသည် အခြားငါးများထက် အစာလွန်ကဲစွာ စားတတ်သဖြင့် ဥရင့်/မရင့် ခန့်မှန်းရန် မလွယ်ကူသောကြောင့်ဖြစ်သည်။

၁ ရက်ကြိုတင်လှောင်ထားသော မျိုးငါးအမများကို ဥ ရင့်/မရင့် ခန့်မှန်း၍ မျိုးငါးအမများကို  ရွေးချယ်ရပါမည်။

ငါးအမ ၁ ကောင်လျှင် အထီး ၃ ကောင်နှုန်းဖြင့် သားဖောက်ပါသည်။

ပထမအကြိမ် ဆေးထိုးသားဖောက်ပုံအဆင့်ဆင့်

ပထမအကြိမ် ဆေးထိုးခြင်းကို ညနေ ၆းဝဝ နာရီတွင် စတင်ပြုလုပ်ရပါမည်။ရွေးချယ်ပြီးသော ဥရင့်မျိုးငါးအမများအား နံပါတ်မှတ်သားထားပြီး ချိန်ခွင်(သို့) ကီလိုချိန်ခွင်တို့တွင် ဒိုင်းကွင်းထဲထည့်၍ ချိန်တွယ်သည့်အလေးချိန်ကို မှတ်သားထားပါ။ ထို့နောက် အလေးချိန်တူ မျိုးငါးအမများအား အုပ်စုခွဲ၍ ဂလင်း (သို့) ဟော်မုန်းဆေးကို ဖျော်စပ်ပါ။

ဂလင်းဖျော်စပ်ပုံ

ဥပမာ - မြက်စားမျိုးငါးအမ၏ အလေးချိန်များမှာ   (1) 1.5 kg, (2) 1.6 kg, (3) 1.8 kg နဲ့  (4) 1.9 kg ဆိုပြီး အသီးသီးရှိတယ်ဆိုပါစို့။

အဲ့ဒီထဲက (1),(2) နှင့် (3),(4) ဟူ၍ အုပ်စုခွဲပြီး အလေးချိန်များကို ပေါင်းပါ။

အဲ့ဒီလိုဆိုရင် (1)+(2) = 3.1 kg ဖြစ်မည်။ (3)+(4) = 3.7 kg ဖြစ်မည်။

မျိုးငါးအမ အလေးချိန် 1 kg အတွက် အသုံးပြုရမည့် ဂလင်း = 0.75 mg ဖြစ်သည့်အတွက်..

မျိုးငါးအမ အလေးချိန် 3.1 kg အတွက် အသုံးပြုရမည့် ဂလင်းဆိုပါက..

 = 3.1 x 0.75/1= 2.325 mg ဖြစ်ပါမယ်။

ဂလင်းအလေးချိန် 1mg ရရန် ခေါင်းခွဲငါး (ခေါင်းခွဲပြီး ဂလင်းထုတ်ယူရမည့်ငါးအထီး) အလေးချိန် = 30 ကျပ်သား လိုပါမယ်။

ဆိုတော့ ဂလင်းအလေးချိန် 2.325 mg ရရန်အတွက်ဆိုပါက.. ခေါင်းခွဲငါးအလေးချိန် = ? …

 = 2.325x30/1

= 69.750 ကျပ်သား(သို့) 0.69 ပိဿာ(သို့) 0.7 ပိဿာ လိုမှာဖြစ်ပါတယ်။

ဒီတော့.. မျိုးငါးအမ ၂ ကောင်အတွက် ဂလင်း 2.325 mg ရရှိရန် လိုအပ်သော ခေါင်းခွဲငါး= 0.7 ပိဿာ (၇၀ ကျပ်သား) ဖြစ်ပါတယ်။

ကီလိုနှင့်တွက်မည်ဆိုပါက..

ခေါင်းခွဲငါးအလေးချိန် = 0.625 ပိဿာမှာ 1kg ရှိတာဖြစ်လို့.. 

ခေါင်းခွဲငါးအလေးချိန် = 0.7 ပိဿာမှာဆိုရင်... 0.7 x 1/0.625 = 1.1 kg 

ဆိုတော့ .. လိုအပ်သော ခေါင်းခွဲငါးအလေးချိန်မှာ    = 1.1 kg ဖြစ်သည်။

ဒီတော့ ဂလင်းထုတ်မည့် ခေါင်းခွဲငါးအား 1.1 kg (သို့) 0.7 ပိဿာ ချိန်တွယ်၍ ခေါင်းခွဲပြီး ဂလင်းထုတ်ယူပါ။ ရရှိသောဂလင်းအား ချေဆုံတွင် ကြိတ်ချေပြီး မိုးရေ(သို့) နော်မယ်ဆလိုင်း(Normal Saline)ကို ငါးအမ ၁ ကောင်လျှင် 1cc နှုန်းနှင့်ရော၍ ရင်ရေယက်၏ အတွင်းဖက်အခြေရှိ အဆီဖုကို ထိုးသွင်းရပါမည်။ ပထမအကြိမ်ကို ဘယ်ဖက်ထိုးလျှင် ဒုတိယအကြိမ်ကို ညာဖက်ထိုးရပါမည်။

ဆေးဖြင့် ဖျော်စပ်ပုံ

            L.H.R.H ဟော်မုန်းဆေးဖြင့် ထိုးလျှင် ပါဝင်သော ဆေးပြင်းအားပေါ်မူတည်၍ ဆေးထိုးသားဖောက် ပြုလုပ်ရသည်။   

ဥပမာ။       ။ L.H.R.H ဟော်မုန်းဆေးပြင်းအား 100u ရှိ ဆေး ၁ ပုလင်းအား ပထမအကြိမ် ငါးအမအလေးချိန် 1kg အတွက်ဆိုပါက 5u သုံးရပါမည်။               

        ပုံစံအားဖြင့် ငါးအမ(၁)နှင့်(၂)တို့၏ စုစုပေါင်းအလေးချိန် = 3.1 kg အတွက် ဆိုပါက အသုံးပြုရမည့် ဆေးပမာဏမှာ... 

= 3.1 x 5 = 15.5u (သို့) 16 u ဖြစ်ပါသည်။ 

 

          ဆေးပြင်းအားအနေဖြင့် 100u ၁ ပုလင်းအား Normal Saline 5cc ဖြင့် ရောစပ်လျှင် ဆေးဖျော်ရည် 1cc တွင် 20u ယူနစ် ဆေးဖျော်ရည်ကို ရရှိလာပါမည်။

၄င်းဆေးဖျော်ရည် 1cc မှ ၄ စိတ်ကို ခွဲယူပါ။

 ငါးအမ ၂ ကောင်အတွက်ဆိုပါက 2cc လိုအပ်သဖြင့်... လိုအပ်သော Normal Saline 1cc နှင် 1 စိတ်တို့ကို ထပ်မံရောစပ်ပြီး ငါးအမ ၁ ကောင်လျှင် 1cc နှုန်း ဆေးထိုးပေးရပါမည်။

ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)

မှီငြမ်း - ငါးလုပ်ငန်းစခန်းတွင် သင်တန်းတက်ခဲ့စဥ်က လေ့လာသင်ယူခဲ့သော အချက်အလက်များ။

ဆောင်ပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်