ဘဲများအတွက်လိုအပ်သည့်အာဟာရဓာတ်များနှင့် အာဟာရပြည့် အစာကျွေးနည်း

21/07/2022 14:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဘဲမွေးမြူရေးအောင်မြင်စေဖို့အတွက် မိမိတို့မွေးမြူထားသောဘဲများကို အာဟာရပြည့်ဝစွာကျွေးမွေးတတ်ဖို့လည်း အရေးကြီးလှပါသည်။

  • အထူးသတိထားရန်မှာ မလတ်ဆတ်သောအစာများကို မကျွေးမိစေရန်ဖြစ်ပါသည်။
  • ညနေပိုင်းတွင်အစာကျွေးလျှင် အစာကိုရေစွတ်ပြီးမှ စိုအောင်ပြုလုပ်ပြီးကျွေးလျှင် ကောင်း၏။
  • EM နှင့် အချိုးကျနစွာ ဖျန်းကျွေးလျှင်ပိုကောင်းပါသည်။
  • ငါးမှုန့်/ပုစွန်ဖွဲသည် ပရိုတင်းဓာတ်ဖြစ်ပြီး ဘဲဥအကာဖြစ်စေရန် ကူညီပေးပါသည်။

ဘဲငယ်များအတွက် အာဟာရပြည့်ဝစေသည့် အစာကျွေးနည်း 

  • ၁။ ဘဲငယ်များကို အစာကျွေးရာတွင် အစာနု(အစို/အခြောက်)ကို တစ်နေ့  ၄ ကြိမ်မှ ၆ ကြိမ်ထိ ကျွေးသင့်ပါသည်။ ဥမှပေါက်ပြီး ရက်သတ္တ ၂ ပတ်ထိ ဤသို့ကျွေးသင့်ပါသည်။
  • ၂။ ၂ ပတ်သားကျော်လာလျှင် အစာကျွေးချိန်တဖြည်းဖြည်း လျှော့သွားသင့်ပါသည်။တဖြည်းဖြည်း တစ်နေ့လျှင် ၂ကြိမ်ထိ ကျွေးသည့်စနစ်ရောက်အောင် လျှော့ချသွားသင့်ပါသည်။
  • ၃။ ဘဲငယ်စာတွင် ပရိုတင်း ၁၇% ၊ ဗီတာမင်ဘီ-၂ ၊ မဂ္ဂနိစ် နှင့် သတ္တုဓာတ်တို့လည်း ပိုမိုလိုအပ်ပါသည်။

ဘဲများအတွက်လိုအပ်သော အာဟာရဓာတ်များမှာ -

  • ၁။ ပရိုတင်းဓာတ်

            အာဟာရဓာတ်များအနေဖြင့် ဘဲငယ် ၃ ပတ်သားမတိုင်မီတွင် ပရိုတင်းဓာတ်သည် အစာ ၏ ၁၇% လိုအပ်သော်လည်း ၃ ပတ်သားထက်ကြီးလာလျှင် ၁၅ % သာ လိုအပ်ပါသည်။

  • ၂။ ဗီတာမင်အေဓာတ်

            ဗီတာမင်အေဓာတ်သည် ဘဲငယ် ၃ ပတ်သားအတွက် ၂၀၀၀ ယူနစ်လိုအပ်မည်ဖြစ်ပြီး မျိုးဘဲများအတွက်ဆို ၃၀၀၀ ယူနစ်လိုအပ်မည်ဖြစ်သည်။

  • ၃။ ကယ်လ်စီယမ်ဓာတ်

ကယ်လ်စီယမ်ဓာတ်အနေဖြင့် ဘဲငယ်များအတွက် ၁%၊ မျိုးဘဲများအတွက်ဆို ၂.၅% ခန့် လိုအပ်ပါသည်။

  • ၄။ သတ္တုဓာတ်

       သတ္တုဓာတ်(မီးစုန်းဓာတ်)ကိုမူ ဘဲငယ်အစာတွင် ၁.၆%၊ မျိုးဘဲများအတွက်ဆို ၁.၈% ခန့် လိုအပ်ပါသည်။

  • ၅။ မဂ္ဂနိစ်ဓာတ်

         မဂ္ဂနိစ်ဓာတ်ကို ဘဲငယ်များအတွက် အပုံတစ်သန်းတွင် ၆၀ ပုံခန့် ၊ မျိုးဘဲများအတွက် ၈၀ ပုံခန့်လိုအပ်ပါသည်။

  • ၆။ ဗီတာမင်ဘီဓာတ်

ဗီတာမင်ဘီကို ၃ ပတ်သားအောက်ဘဲငယ်များအတွက် အပုံတစ်သန်းလျှင် ၄ ပုံ၊ (၃) ပတ်အထက် ၆၀ ပုံ၊ မျိုးဘဲ များအတွက် ၄၀ ပုံလိုအပ်ပါသည်။

ပြောင်းပေါ်သောဒေသများတွင် ဘဲကြီးများအတွက် အစာနုကို ပုစွန် ၂ ဆ တိုးကျွေးပါ။ထို့ပြင် ဘဲကြီး ၁ ကောင်လျှင် ၃ အောင်စနှုန်းဖြင့် ညနေဘက်တွင် ပြောင်းစေ့ကျွေး သင့်ပါသည်။

ထိုသာမက ဘဲလတ်နှင့် ဘဲကြီးများကို အစာခြောက်လည်း ကျွေးနိုင်ပါသည်။ သို့ရာတွင် အစာများဆုံးရှုံးနိုင်သဖြင့် ရေနှင့် နယ်ကျွေးနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်