ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )

23/10/2020 11:45 AM တွင် ayethandasoe ayethandasoe မှ ရေးသား

     ဒူးရင်းသီးများပုပ်ခြင်းတွင် အပင်ပေါ်တွင် အသီးပုပ်ခြင်း၊ အသီးရင့်မှည့် ကြွေကျချိန်တွင် အသီးပုပ်ခြင်းနှင့် အသီးများ ခူးဆွတ်ပြီးချိန်တွင် အသီးပုပ်ခြင်းတို့ဖြစ်ကာ အသီးပုပ်ခြင်း ပိုဖြစ်စေသော ရောဂါဖြစ်စေသောသက်ရှိသည်လည်း မတူညီပဲ ကွဲပြားမှုရှိသည်။

     အသီးပုပ်ခြင်း Type (1) သည် ရောဂါဖြစ်စေသည့်သက်ရှိ Phytium palmivora ကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ စီးပွားရေးထိခိုက်သည်အထိ အသီးပုပ်ခြင်းရောဂါ ဆိုးဝါးစွာကျရောက်တတ်သည်။ ပထမဦးစွာ အသီးမျက်နှာပြင်မှာ ရေစိုနာကွက် စတင်ဖြစ်ပေါ်သည်။ စိုထိုင်းဆများသောအခြေအနေတွင် အဖြူရောင်ဝါဂွမ်းမွှေးကဲ့သို့ မှိုမျှင်နှင့်Sporangia များကို ပုံပျက်နေသောအစင်းကြောင်းများ၌ တွေ့ရသည်။ ပုပ်နေသောဒဏ်ရာသည် အတွင်းပိုင်းရှိ အစေ့ထိ ပျံနှံရောက်ရှိသည်။ ပင်လုံးပြန့်မှိုသတ်ဆေးအား အသီးပေါ်သို့ တိုက်ရိုက်ဖျန်း၍ ရောဂါကျရောက်မှုကို ကာကွယ်နှိမ်နင်းနိုင်သည်။ အသီး၏အရွယ်အစားနှင့်  အသုံးပြုမည့်မှိုသတ်ဆေးကို အပင်ပါ်တွင်ရှိသော ဒူရင်းသီးများကို hight power sprayer gun မှိုသတ်ဆေးဖျန်းပါ။

     အသီးပုပ်ခြင်း Type - 2 သည် ရောဂါဖြစ်စေသော သက်ရှိ Sclerotium rolfsii သို့ Cortium rolfsii ကြောင့်ဖြစ်သည်။ အသီးပေါ်ရှိ အညိုရောင်ပုံပျက်နေသည့် ရေစိုနာကွက်၌ ယပ်တောင်ပုံတူသောမှိုမျှင်ဖြစ်ပေါ်နေပြီး ရောဂါလက္ခဏာကို မြေကြီးပေါ်သို့ ကြွေကျသောအသီးများတွင် ပို၍တွေ့ရသည်။ အတွင်းပိုင်းအစေ့သာမက အစေ့တွင်းတွင်းရှိ အစေ့ရွက်ပါ အရောင်ပြောင်းနေသည်ကို တွေ့ရသည်။ အပင်အောက်သို့ကြွေကျသောဒူးရင်းသီးများအား နေ့စဉ်အပင်ခြေမှကောက်ယူ ဖယ်ရှား ရှင်းလင်း၍ရောဂါဖြစ်စေသောသက်ရှိ ပြန့်ပွါးမှုမရှိအောင်ကာကွယ်ပါ။ ဒူးရင်းပင်၏ အပင်ခြေတွင်  ပူနွေးစိုစွတ်သောအခြေအနေကြောင့် မှိုရောဂါများပျံနှံပေါက်ဖွားမှုမရှိစေရန် အပင်ခြေကိုရှင်လင်းပါ။

     အသီးခူးပြီးနောက်ပိုင်း(Post harvest)တွင် အသီးများပုပ်ခြင်းကို ပုံစံအမျိုမျိုးဖြင့်တွေ့ရသည်။  များသောအားဖြင့် အသီးပေါ်ရှိ ပုံသဏ္ဍန်မမှန်သော ရေစိုနာအကွက်များတွင် အညိုရောင်အနားသတ် ပုံစံအမျိုးမျိုးရှိကြပြီး အချိန်ကြာလာသည်နှင့်အမျှ အညိုရင့်ရောင်ဖြစ်လာသည်။ Rhizopus . Mucor or Lasiondiploida ကြောင့်ဖြစ်ပါက အသီးပုပ်ခြင်းလက္ခဏာတွင် ပုံပျက်နေသောအကွက်များသည် ဖိလိုက်သည့်အခါ ပျော့နေသည်။ ရောဂါကျအရောင်ပျက်နေသောအကွက်သည် အကွက်တလျှောက် ဘေးသို့ ပြန့်နှံကြီးလာသည်။ အသီးခူးပြီးချိန် အသီးပုပ်ခြင်းကို တစ်ကြိမ်တည်း အသီးများစွာခူးခြင်းထက် အကြိမ်ကြိမ်အသီးခူးခြင်းဖြင့် လျော့ချနိုင်သည်။ တစ်ရက်လျှင် ၂-၃ ကြိမ် အသီးခူးဆွတ်ခြင်း လုပ်ဆောင်၍ ခူးဆွတ်ပြီး အသီးများအား အသီးပေါ်ရှိ ညစ်ပတ်နေသောအရာများ (မြေကြီး၊အရွက် စသဖြင့်) များ ဖယ်ရှားခြင်းချက်ချင်း ပြုလုပ်ရမည်။ အသီးများခူးဆွတ်ရာတွင် မြေပြင်သို့ တိုက်ရိုက် ကျစေခြင်နည်းစေရန်ပြုလုပ်ရမည်။ ခြံရှင်များအနေဖြင့် အသီးရင့်မှည့်ရာသီချိန်၌ ရင့်မှည့်ကြွေကျ အသီးများကို မြေပြင်နှင့်တိုက်ရိုက်မထိစေရန် နိုင်လွန် ပိုက်ကွန်များ အပင်ခြေတွင် ပြုလုပ်တပ်ဆင် ထားသင့်သည်။ ယင်းသို့ပြုလုပ်ခြင်းဖြင့် မြေပြင်သို့တိုက်ရီုက်ကျရောက်အသီးများ ဒါဏ်ရာရ ပျက်စီး ခြင်းနှင့် အသီးပုပ်ခြင်း တို့ကို ကာကွယ်နိုင်သည်။ 

Ref; http://aninnhosnan.blogspot.com/2013/12/durian-fruit-diseases.html

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်