ယနေ့မွန်းလွဲပိုင်းတွင် ငလျင်နှစ်ခုထပ်လှုပ်

06/07/2022 16:47 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီနေ့ ဇူလိုင် ၆ ရက် မွန်းလွဲပိုင်းမှာတင် ငလျင်နှစ်ခု ထပ်လှုပ်သွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

ပထမတစ်ခုက ဒီနေ့ မွန်းလွဲ ၂ နာရီ ၃၁ မိနစ်၊ (၁၃)စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် မိုင်(၄၄၀)ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ မြောက်လတ္တီတွဒ် (၁၀.၇၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၀)ဒီဂရီ၊ အနက် (၃၁)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယတစ်ခုကတော့ ဒီနေ့ မွန်းလွဲ ၄ နာရီ၊ (၀၁)မိနစ်၊ (၄၀)စက္ကန့် အချိန်မှာ နမ့်စန်မြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၆)မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်း (နမ့်စန်မြို့၏ မြောက်ဘက် (၅)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၉၇)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၇၂)ဒီဂရီ၊ အနက် (၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့ကလည်း မနက်ပိုင်းတုန်းက မြန်မာနိုင်ငံပြည်တွင်း (ရန်ကုန်မြို့(လှိုင်မြို့နယ်))နားကို ဗဟိုပြုပြီးတစ်ကြိမ်၊ ည ၁၁ နာရီခန့်က သရက်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် မိုင်(၁၁) ခန့်အကွာကို ဗဟိုပြုပြီးတစ်ကြိမ် အင်အားအနည်းငယ်ရှိ ငလျင်နှစ်ခုလှုပ်သွားခဲ့ပြီး ဒီနေ့မှာတော့ မွန်းလွဲပိုင်းမှာတင် နိုင်ငံအနီး ပြည်ပမှာတစ်ကြိမ်၊ ပြည်တွင်းမှာတစ်ကြိမ် ထပ်လှုပ်သွားတာဖြစ်ပါတယ်။

Photo Crd_မိုး/ဇလ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်