ငှက်ပျောသီး ကြက်ဥ ပန်ကိတ် လုပ်စားကြမယ်။

08/10/2020 19:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား

     အိမ်မှာနေပြီးတော့ ပျင်းနေကြတယ် အစားအသောက်တွေပျက်နေကြတယ်ဆိုရင် အိမ်တိုင်းမှာရှိလောက်တဲ့ ပစ္စည်းလေတွေနဲ့ အစားအသောက်တွေလုပ်စားကြရအောင်။ ပါဝင်တဲ့ပစ္စည်းက ငှက်ပျောသီးနဲ့ ကြက်ဥပါပဲ။ အချိုကြိုက်ရင် သကြားထည့်၊ လေးလေးလေးဖြစ်အောင် ဆား နည်းနည်း ထည့်လို့ရပါတယ်။

လုပ်နည်း

   - ငှက််ပျောသီးမှည့်ကို ခေါက်မယ်။

   - ကြက်ဥ အကာ (တစ်လုံးလုံးထည့်လည်းရပါတယ်) ကို ခေါက်ပြီးတော့ ခုဏက ခေါက်ထားတဲ့ ငှက်ပျောသီးထဲ ထည့်ပြီး သမအောင်မွှေမယ်။ အချိုးကတော့ ကြက်ဥ တစ်လုံးဆို ငှက်ပျောသီးတစ်လုံး ထည့်ပေးပါ။ တစ်ချို့က ငှက်ပျောသီးတစ်လုံးဆို ကြက်ဥ (၂)လုံးထည့်ကြပါတယ်။ ကိုယ့်အကြိုက်နဲ့ အဆင်ပြေအောင် ညှိလို့ရပါတယ်။  

   - နောက်တော့ အိုးထဲမှာ ထောပတ် ဒါမှမဟုတ် ရှိတဲ့ဆီနည်းနည်းသုတ်ပြီးတော့ ကြော်လိုက်ရုံပါပဲ။ 

   - ညိုတိုတိုလေးနဲ့ အချပ်လိုက်လေးတွေရလာပြီဆိုရင် ပြန်ဆယ်လိုက်ပြီးတော့ သုံးဆောင်လို့ရပါပြီ။     

   - အရမ်းကိုလွယ်ပါတယ်။ အချိန်ကလည်း မြန်ပါတယ်။ လုပ်ရတာလည်း တစ်ယောက်စာဆိုရင် ပြင်ဆင်ချိန် (၃)မိနစ်နဲ့ ချက်ပြုတ်ချိန် (၇)မိနစ်နဲ့ (၁၀)မိနစ်လောက်ပဲကျန်ပါတယ်။ မိသားစုလိုက်အတွက်ဆိုရင်တော့  နာရီဝက်လောက်ပဲကြာတာကြောင့်မို့ မနက်စာကို ကော်ဖီလေးနဲ့ပဲသောက်သောက်၊ နေ့လည်လုပ်ပြီး လက်ဖက်ရည်လေးနဲ့ပဲ သောက်သောက် အဆင်ပြေနိုင်တဲ့ အစာအစာတစ်ခုပဲဖြစ်ပါတယ်။ 

ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ

     ကြက်ဥကလည်း ကောင်းတာတွေအများကြီးပဲ အဲ့တော့ လက်စွဲ သုံးနေတဲ့အစားအစာ။ နောက် ငှက်ပျောသီးဆိုတာကလည်း ဗီတာမင် အေ ဘီ စီ ပါဝင်တဲ့အပြင်ကို သံဓာတ် ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်တွေလည်း ပါတာကြောင့်မို့ သူတို့ (၂)ခုကို ပန်ကိတ်လုပ်စားမယ်ဆိုရင် ငါးနဲ့အသားတွေက ရတဲ့ ဗီတာမင် ဘီစစ်ကို အပြည့်အဝရမှာဖြစ်ပါတယ်။ 

     ပြီးတော့ ပန်ကိတ်ကြောင့်လည်း မောပန်းတာ၊ အရေပြား အနီစက်တွေဖြစ်တာ၊ စိတ်အပြောင်းအလဲမြန်တာကို သက်သာစေပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူတို့က ခန္ဓာကိုယ်ထဲက အင်ဇိုင်းတွေကို လှုံဆော်ပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ 

     နောက် မဂ္ဂနီစီယမ်ပါဝင်တာကြောင့်မို့ အရိုးထုတ်လုပ်မှုကိုကောင်းစေတယ်။ သွေးတွင်း သကြားဓာတ်ကို လည်း ထိန်းချုပ်ပေးတယ်။ 

     တစ်ယောက်စာအတွက်မှာ ကယ်လိုရီ (၂၃၁)ပဲပါတာကြောင့်လည်း စားလို့လည်းကောင်း ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။ 

ပန်ကိတ်လုပ်တဲ့နေရာမှာ

     အုန်းနို့မှုန့် လက်ဖက်ရည်(၁)ဇွန်းထည့်ပြီးလည်း အရသာကို စမ်းသပ်ကြည့်လိုရတယ်။ အစေ့အဆန်လေးတွေကြိုက်တယ်ဆို သီဟိုလ် လို မြေပဲစေ့လို့ ထည့်လို့ရတယ်။ မြေပဲထောပတ်ကြိုက်ရင်လည်း (၁)ဇွန်းထည့်လို့ရတယ်။ ဗီနီလာ လက်ဖက်ရည်တစ်ဇွန်းလည်း ထည့်လို့ရတယ်။ အရသာပြောင်းပြီးတော့ တစ်နေ့ အရသာ တစ်ခု တစ်နေ့ အနံ့တစ်ခု ထည့်ပြောင်းပြီးစားလို့ရပါတယ်။ 

     အပေါ်ကနေ ပျားရည်ဆမ်းပေးလို့ရပါတယ်။ ချယ်ရီသီး စတော်ဘယ်ရီသီး ဒိန်ချဉ် သကြားမှုန့် လီမွန်ရည် စတာလေးတွေ ဖြူးပေး ဆမ်းပေးလို့ရပါတယ်။ 

     ဆီမကပ်တဲ့ အိုးလေးနဲ့လုပ်ပေးမယ်ဆိုရင် ပိုကောင်းပါတယ်။ 

      အာဟာရတန်ဖိုးတွေအနေနဲ့ဆိုရင် ကိုယ်က ပန်ကိတ် (၂၀၆) ဂရမ် လောက်စားတယ်ဆိုရင် ကယ်လိုရီက (၂၃၁)၊ ကျန်တာတွေကတော့ ဂရမ် အနေနဲ့ဆို အဆီ (၉)၊ ပြည့်ဝဆီ (၂.၈)၊ ကိုလက်စထရော(၃၂၇) မီလီဂရမ်၊ ဆားက (၁၂၄) မီလီဂရမ်၊ ပိုတက်ဆီယမ်က (၅၄၀) မီလီဂရမ်၊ ကာဘွန်ဟိုက်ဒရိတ် က (၂၈) ဂရမ်၊ ဖိုက်ဘာ (၃.၅)ဂရမ်၊ သကြား (၁၄.၇)ဂရမ်၊ ပရိုတင်း (၁၂)ဂရမ်၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ကယ်လ်စီယမ်၊ သံဓာတ် စတာတွေ ပါဝင်တာကြောင့် အိမ်တွင်းလည်းအောင်းရင်း အားလည်းရှိအောင် စားကြစို့ရဲ့

ထွန်းဝင်းကျော်

https://hurrythefoodup.com/worlds-simplest-pancake-recipe/

ဆောင်ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်