FAW ငမြှောင်တောင် ကာကွယ်နှိမ်နင်းနည်းလမ်းများ

14/01/2019 20:13 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

၁။ နေ့စဉ်ကွင်းဆင်းစစ်ဆေး၍ ဥမြုံများ၊ လောက်ကောင်ငယ်များ ကို လက်ဖြင့်ကောက်ယူ ဖျက်စီးပါ၊ လောက်ကောင်ကြီးများကို ပင်စည်ပတ်လည်ဝိုင်း၍ထွက်နေသည့်အရွက်များ အတွင်းတွင် ရှာဖွေဖျက်စီးပါ။

၂။ အပင်ငယ်စဉ် ဥမှပေါက်ခါစအကောင်ငယ်များ မပျံ့နှံ့မီ လက်ဦးမှု ယူ၍ ကာကွယ်နှိမ်နင်းပါ။

၃။ တမာ၊ ဆေးရွက်ကြီးများဖြင့် ပြုလုပ်ထားသော သဘာဝ ပိုးသတ်ဆေးကို လောက်ကောင်ငယ် အဆင့်တွင် ညနေခင်းအချိန်၌ ပက်ဖျန်းပေးပါ။

၄။ ပင်စည်ပတ်လည်ဝိုင်း၍ ထွက်နေသည့် အရွက်များအတွင်း လောက်ကောင်ငယ်များ ခြောက်၍ သေစေရန်အတွက် ပြာမှုန့်၊ သဲမှုန့်၊ မီးသွေးမှုန့်နှင့် လွှစာမှုန့်များ ထည့်ပေးပါ။ ထုံး၊ ဆား၊ ရွှံ့ရည်နှင့် အဝတ်လျှော်ဆပ်ပြာများလည်း ထည့်ပေးနိုင်ပါသည်။

၅။ တစ်ပင်တွင်တစ်ကောင်သာနေပြီး အတွင်းပိုင်းကြီးထွားဆဲ အညွန့်၊ အနှံများနှင့် အဖူးများအတွင်း နေထိုင်စားသောက် တတ်ကြသဖြင့် ပျံ့နှံ့သွားပါကဆေးဖျန်းခြင်းအတွက် ဆေးပိုမို သုံးစွဲရန် လိုပါသည်။

၆။ စိုက်ခင်းအတွင်းမိတ်ဆွေပိုးများကို ထိန်းသိမ်းစောင့်ရှောက်ပါ။ ပုရွက်ဆိတ်နီ၊ လိပ်ခုံးကျိုင်း၊ အတောင်မာကျိုင်း၊ နဖာချေးပိုး၊ ပုဇဉ်း၊ ပင့်ကူ၊ ငှက်နှင့်နဂျီအုပ်စုဝင်ကပ်ပါးများနှင့် ကပ်ပါးယင်များအား ထိန်းသိမ်းပေးပါ။

၇။ မီးထောင်ချောက်ထွန်းခြင်းကို တကွင်းတစပ်တည်း လူထုလုပ်အားဖြင့်ဆောင်ရွက်ပါ။

၈။ ပိုတက်မြေသြဇာကိုသုံးစွဲပေးပါ။

၉။ အသုံးပြုသင့်သောပိုးသတ်ဆေးများမှာ ဖလူဘန်ဒိုင်ရာမိုက် ၂၄ % ဒဗလျူဒီဂျီ ၊ ကလိုပိုင်ရီ ဖော့စ် ၅၀% + ဆိုက်ပါမီသရင်၅%အီးစီ၊ ကလိုရန်ထရန်နီလီပရိုး ၅၁.၅% အက်စ်စီ၊ အင်ဒို ဇာကပ် ၁၅ အက်စ်စီ၊ အင်ဒိုဇာကပ် ၁၅ အက်စ်စီ နှင့် အင်ဒိုဇာကပ် ၁၇ + လန်ဒါဆိုင် ဟေလိုသရင် ၃% အက်စ်စီတို့ဖြစ်ပြီး ဆေးအညွှန်းပါအတိုင်းထိရောက်စွာ ပက်ဖျန်းပါ။

မှတ်ချက်။ ယခင်ကျရောက်လေ့ရှိသော ငမြှောင်တောင်ပိုးမျိုးစိတ်များအား နှိမ်နင်းသကဲ့သို့ စိုက်ခင်းပတ်လည် မြောင်းတူးခြင်းဖြင့် ထိရောက်စွာကာကွယ်နိုင်ခြင်းမရှိပါ။ ပိုးသတ်ဆေး ယဉ်ပါးမှုများ မဖြစ်ပေါ်စေရန် အညွှန်းစာ၌ပါသော ညွှန်ကြားချက်များ အား အတိအကျလိုက်နာပါရန်နှင့် မတူညီသောဆေးအုပ်စုများအား အလှည့်ကျသုံးစွဲ ရန် လိုအပ်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်