မြန်မာအပြည်ပြည်ဆိုင်ရာလယ်ယာသုံးစက်ကိရိယာပြပွဲနဲ့အတူ ကျေးလက်တေးသီချင်းပြိုင်ပွဲ ကျင်းပသွားမည်

23/01/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာအပြည်ပြည်ဆိုင်ရာလယ်ယာသုံးစက်ကိရိယာပြပွဲ ၂၀၂၀ နဲ့အတူ မြန်မာသံစဉ်ကျေးလက်တေး သီချင်းအဆိုပြိုင်ပွဲကျင်းပသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရပါတယ်။

တောင်သူလယ်သမားများကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မြန်မာအပြည်ပြည်ဆိုင်ရာလယ်ယာသုံးစက်ကိ ရိယာပြပွဲနဲ့အတူ ကျေးလက်တေးသီးချင်းပြိုင်ပွဲကို ကျင်းပရတာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါပြပွဲကြီးကိုဖေဖေါ်ဝါရီလ (၂၉)ရက်နေ့မှ မတ်လ(၂)ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ၊ သာကေတမြို့နယ်၊မင်းနန္ဒာလမ်း Fortune Plaza ရှိMyanmar Expo Hall ခန်းမမှာ ကျင်းပပြုလုပ် သွားမှာဖြစ်ကြောင်းသိရပါတယ်။

မြန်မာအပြည်ပြည်ဆိုင်ရာ လယ်ယာသုံးစက်ကိရိယာပြပွဲ ၂၀၂၀မှာ နိုင်ငံတကာမှ လယ်ယာသုံးစက်ကိ ရိယာများ ၊ နည်းပညာ ၊မျိုးစေ့ ၊ မြေသြဇာ နဲ့သွင်းအားစုများ ပြသသွားမှာဖြစ်ပြီး ဟောပြောပွဲများပါဝင် သွားမှာဖြစ်ကြောင်း သိရပါတယ်။

ပြပွဲနဲ့အတူ ကျေးလက်၊ တောသဘာဝဓလေ့ကို စာစီဖော်ညွှန်းသော မြန်မာသံစဉ် ကျေးလက်တေးသီ ချင်း အဆိုပြိုင်ပွဲကျင်းပသွားမှာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ သိရပါတယ်။

တိုးတိုးခိုင် (ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်