ဆောင်းကာလ မရောက်မီ ကညွှတ် ဈေးတက်လာမည့်အနေအထားကို တောင်သူများ ယုံကြည်မျှော်လင့်ထားကြောင်း သိရသည်။
ပြင်ဦးလွင်မှာလည်း ဧည့်သည်တွေလည်းလာ အလုပ်အကိုင်တွေလည်း လည်ပတ်နေ ပါပြီ။ ဆောင်းမဝင်ခင် ကညွတ်ဈေး တက်လာမယ်လို့ တောင်သူတွေက မျှော်လင့်ထားကြ ပါတယ်။
ဟု မန္တလေးတိုင်း၊ ပြင်ဦးလွင်မှ ကညွတ်စိုက်တောင်သူ မခင်မျိုးသန့်က ပြောသည်။
လက်ရှိ ကညွတ် ဈေးနှုန်းများမှာ အရည်အသွေးပေါ် မူတည်၍ ကညွတ် တစ်ပိဿာကို ၂၀၀၀ ကျပ်မှ ၅၀၀၀ ကျပ် အတွင်း ပေါက်ဈေးရှိနေသည်။
ကညွတ်က ဈေးကွက် မပျက်ပါဘူး။ အရင်ရက်ကတော့ ဝူဟန်ကြောင့် နည်းနည်း ထိခိုက်တာပေါ့။ တကယ် လှိုင်လှိုင်ပေါ်ပြီး ရောင်းကောင်းမယ့်ရက်မှာ ဧည့်သည်တွေ မလာတော့ ရောင်းအားကျပြီး ပွဲစားက နည်းနည်း ဈေးချတာကို ခံခဲ့ရပါတယ်။ အခုတော့ ဈေးက တတ်တော့မှာပါ။
ဟု မခင်မျိုးသန့်က ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ကညွတ်ကို တောင်ကြီး၊ ပြင်ဦးလွင်၊ ဟင်္သာတ၊ ကျောက်ဆည်၊ မြင်းခြံ၊ မြစ်သား၊ မန္တလေး စသည့်ဒေသများတွင် စိုက်ပျိုးနေကြပြီး စီးပွားဖြစ်ဧကများများ စိုက်ပျိုးသူနည်းပါးနေသေးကြောင်း သိရသည်။
နန်းထက်ထက်ချစ်(ABM)
Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
        Read more
        
        
        
        
        Facebook page သို့သွားရန်
     
     ဒေါ်နန်းထက်ထက်ချစ်
 ဒေါ်နန်းထက်ထက်ချစ် Greenovator
 
                    Greenovator
                 
                 
                 
                     
                     
                     
         
         {{ question.title }}
 {{ question.title }}