မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponices) အပိုင်း (၃)

08/05/2020 12:30 PM တွင် Nyan Lynn Htet Nyan Lynn Htet မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အသင့်သုံးအာဟာရဖျော်ရည်ဖျော်စပ်ပုံ

အပင်အာဟာရဖျော်ရည်ကို ရေ နှင့် ဓာတ်သတ္တုဆားများနှင့် ဖျော်စပ်ရပါမည်။ ရေတွင် အလွယ်တကူ ပျော်ဝင်စေနိုင်သော အရည်အသွေးမြင့် ဓာတ်သတ္တုဆားများကို အသုံးပြုပေးရပါမည်။

အောက်ဖော်ပြပါ ပစ္စည်း (၅) မျိုးနှင့် ဖျော်စပ်ထားသော အပင်အာဟာရဖျော်ရည်ကို အသုံးပြုလျှင် အကောင်းဆုံးရလဒ်ကို ရရှိနိုင်ပါမည်။

    • Armo 15-15-15+7S (အာမို)

    • Ca Chloride (ကယ်လ်ဆီယမ် ကလိုရိုက်)

    • Armo 15-15-30+ 6 ME (အာမို)

    • Mg Sulfate (မဂ္ဂနှီယမ် ဆာလဖိတ်)

    • Fetrilon (Microelements)

ပါဝင်ပစ္စည်းတစ်မျိုးစီကို ရေထဲတွင်ထည့်ပြီး ကျဲသွားအောင် နောက်ထပ်ရေထည့်ပေးပါက အနည်ကျ ခြင်းကို မဖြစ်ပေါ်စေနိုင်ပါ။

အပင်အာဟာရပျော်ရည်ကို လီတာ (၂၀၀ ဆံ့) တိုင်ကီအတွင်း အောက်ပါ အတိုင်း ဖျော်စပ် နိုင်ပါသည်။ (၆ × ၁၂ မီတာ) စိုက်ပျိုးအိမ်အတွက် အပေါ်တိုင်ကီနှစ်လုံးမှာ ထည့်ဖို့ဖျော်ရည် လီတာ (၂၀၀+၂၀၀) အသုံးပြုရပါမည်။

(၁) တိုင်ကီရေတစ်ဝက်ဖြည့်ပြီး Armo 15-15-15+7S (အာမို) ဂရမ်-၁၀၀ ကို ပျော်ဝင်အောင် ထည့်ဖြည့်ပါ။

(၂) ရေထပ်ထည့်ပေးပါ။ ရေထည့်ရင်း ဦးစွာ Ca Chloride ဂရမ် (၅၀) ထို့နောက် အာမို ၁၅-၁၅-၃၀+၆ME (အာမိုဂရမ် ၅၀ နောက်ဆုံး Mg Sulphate) ဂရမ် ၁၀၀ ထည့်ပါ။

(၃) ဖါထရီလွန်ကိုဘီ (၅၀) မီလီလီတာ ထည့်ဖျော်ပါ။

ထို့နောက် မြေလွှာမဲစနစ်မှာ အသုံးပြုရန် အပင်အာဟာရပျော်ရည် အသင့်ဖြစ်ပါပြီ။ စိုက်ပျိုးအိမ်ကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် စည်းမျဉ်းတစ်ရပ်အဖြစ် အပင်အာဟာရပျော်ရည်၏ အချဉ်ဓာတ် (စံ) နှင့် လျှပ်ကူးနှုန်း (EC) ကို ပုံမှန်စစ်ဆေးပေးနေရပါမည်။ (စံ) မှာ (၆-၈) အကြားရှိနိုင်ပါသည်။ (EC) မှာ (၁၁၀၀ မှ ၁၆၀၀) မိုက်ခရိုS အကြားရှိနိုင်ပါသည်။

အပင်အာဟာရ ရည်ဖျော်စပ်ရန်

၁။ လိုအပ်သော ဓာတ်သတ္တုတ်ဆားပမာဏကို ချိန်တွယ်ပါ။

၂။ အာမို 15-15-15+7S ကိုရေထဲတွင် အလွယ်တကူပျော်ဝင်နိုင်စေရန် ထောင်းပြီး ချေပေးပါ။ ထို့နောက် ခြောက်သွေ့ပြီးမှောင်သော နေရာတွင် ထားရပါမည်။

နေ့စဉ်လုပ်ရမည့်လုပ်ငန်းများ

    • pH နှင့် EC  မီတာများကိုအသုံးပြုပြီး တိုင်ကီများအတွင်းရှိ ပျော်ရည်ရဲ့ pH နှင့် EC တန်ဖိုးများကို စစ်ပေးရပါမည်။ စစ်ဆေးရရှိလာသော အချက်အလက်များကို Note စာအုပ်ဖြင့် မှတ်သားထားရပါမည်။

    • အစက်ချပေါက်များ ပိတ်မနေစေရန် စစ်ဆေးပေးရပါမည်။

    • အထက်ရေတိုင်ကီမှာ ပျော်ရည်လေးပုံတစ်ပုံကျန်လျှင် အပင်အာဟာရပျော်ရည် ဖြည့်ပေး ပါ။ (၂၀၀) လီတာအထိဖြည့်ပါ။ ဖျော်ရည်ဖြည့်နေစဉ် အဝင်ပေါက်ခလုတ်များကိုပိတ်ထား ရန် သတိပြုပါ။

    • အဝင်ပေါက်ခလုတ်များကိုဖွင့်ပြီး အပင်အာဟာရ ပျော်ရည်စနစ်အတွင်း စီးဝင်ပါစေ။ မနက်စောစောတစ်ကြိမ် နေ့လည်စာစားချိန်တစ်ကြိမ် ညနေပိုင်းတွင်တစ်ကြိမ် တစ်နေ့ သုံးကြိမ်ပြုလုပ်ပေးပါ။

အခြားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ

    • တစ်ပတ်လျှင်တစ်ကြိမ် အစက်ချအပေါက်များကို သန့်ရှင်းပေးရပါမည်။

    • စိုက်ပျိုးအိမ် တစ်ခုလုံး အတွင်းအပြင် မကြာခဏ ပေါင်းနှုတ်ပေးရပါမည်။

    • ပိုးမွှားကျရောက်ခြင်း အပင်ရောဂါ ဖြစ်ပွားခြင်းများကို စောင့်ကြည့်စစ်ဆေးပေးပါ။

Reference-Department Of Agriculture

Agri.Linn.Htet


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်