ဩဂုတ်လ ၈ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ AERDTC ခန်းမ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်း၊ နေပြည်တော်မှာ “စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေးအတွက် အိုင်စီတီ၏အရေးပါပုံ” ခေါင်းစဉ်နဲ့ အလုပ်ရုံ ဆွေး နွေးပွဲပြုလုပ်မှာဖြစ်ပါတယ်။
စိုက်ပျိုးရေးကဏ္ဍအတွက် ICT& Mobile Services (ဖုန်းမှတစ်ဆင့် နည်းပညာရယူခြင်း) နှင့်ပတ်သက်၍ လုပ်ကိုင်နေသော ကုမ္ပဏီများနှင့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ဆက်စပ်သော ဌာနဆိုင်ရာများ၊ တောင်သူများ၊ ကုမ္ပဏီနှင့် NGO အဖွဲ့အစည်းများမှ ပညာရှင်များမှ တက်ရောက်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
စိုက်ပျိုးနည်းပညာပေးရေးကဏ္ဍမှာ ICT နည်းပညာနဲ့ တစ်ဖက်တစ်လမ်းကနေပံ့ပိုးကူညီနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ပေးနိုင်ဖို့ စီစဉ်ကျင်းပရခြင်းဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ ICT နည်းပညာနှင့်ပတ်သတ်သောမေးလိုသည့်မေးခွန်းများ၊ ဝေဖန်အကြံပြုချက်များ အစိမ်းရောင်လမ်းမှ ကျင်းပပြုလုပ်မည့် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးလိုသောကြောင့် မိမိတို့မေးချင်သည့်မေးခွန်းများ ချန်ထားပေးခဲ့ပါရန်အကြံပြု အပ်ပါသည်။မိမိတို့၏မေးခွန်းသည် တောင်သူများ လိုအပ်သော နည်းပညာများကို ကူညီရာရောက်ပါသည်။
အကြံပြုချက်များ၊ မေးခွန်းများ ပေးပို့ရန် နှိပ်ပါ။