ချင်းမိုင်ရှိ NEED-Burma သင်တန်းကျောင်းမှ LLET သင်တန်း ခေါ်ဆို

05/03/2014 06:57 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အခုဆို ချင်းမိုင်မှာ ရှိတဲ့ NEED-Burma (he Network for Environment and Economic Development) သင်တန်းကျောင်းက Land Law and Economics Training (LLET) သင်တန်းကို ၂၀၁၄ ခုနှစ်အတွက် ထပ်မံခေါ်ဆိုနေပါပြီ။ သင်တန်းရဲ့ အဓိက ဦးတည်ချက်ကတော့ မြန်မာနိုင်ငံအတွက် အရေးပါလှတဲ့ မြေယာ၊ ဥပဒေ နဲ့ စီးပွားရေးဆိုင်ရာများကို သင်ကြားဆွေးနွေးပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။

သင်တန်းကာလမှာ သုံးလ ကြာမြင့်မည်ဖြစ်ပြီး မတ်လ (၇) ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ပါသည်။

လျှောက်ထားသူများအနေ့ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများကို အနည်းဆုံးနှစ်နှစ် အတွေ့အကြုံရှိရမည်ဖြစ်ပြီး အချိန်ကာလ သုံးလအတွင်းမှာ အကျိုးများလှတဲ့ သင်ခန်းစာတွေနဲ့ ကိုယ်ပိုင် စီမံချက်တွေကို တစ်စိုက်မက်မက် အာရုံစိုက်လုပ်ဖို့ မိမိကိုယ်ကို အာမခံချက် ထားနိုင်တဲ့သူတွေ လျှောက်ထားစေလိုပါတယ်။

လျှောက်ထားသင့်ဆုံးသူတွေအနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးလောကမှာ မြေယာအခွင့်အရေး လုပ်ကိုင်နေသူများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍမှာ ပါဝင်နေသူများနှင့် Advocacy ကဏ္ဍတွင် လုပ်ကိုင်နေသူများ မဖြစ်မနေ လျှောက်ထားစေလိုပါတယ်။

သင်ကြားဆွေးနွေးပေးမည့် အကြောင်းအရာများ

Land Law, Human Rights, Research Methods, Presentation Skills, Advocacy, Land Rights, Globalization, Foreign Direct Investment, Advanced English Writing Skills, Micro and Macro Economics, Community Development Strategies, Networking and Capacity Building Skills, and Case Study Analysis

သင်တန်းကာလ- 3 months, beginning April 28 2014

နောက်ဆုံးလျှောက်ထားရမည့် ရက်: March 7, 2014

သင်တန်းနေရာ : Chiang Mai, Thailand

လျှောက်ထားလိုပါက အောက်ပါလင့်တွင် ပါရှိသော လျှောက်လွှာကို ဖြည့်ပြီး program@need-burma.orgသို့ လျှောက်ထားပေးပို့နိုင်ပါတယ်။ အသေးစိတ်သိလိုပါက ယခုလင့် http://www.need-burma.org/index.php/projects/llet- တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

 

ဓာတ္ပံု - Green Way


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်