ENSO(El Niño-Southern Oscillation)လို့ခေါ်တဲ့ ENSO ရာသီဥတုပြောင်းလဲလည်ပတ်ခြင်းမှာ -
အယ်လ်နီညို(El Niño)နဲ့ လာနီညာ(La Niña)ဆိုတဲ့ အစွန်းရောက်အခြေအနေ၂ ခု ဖြစ်ပေါ်ပြီး အစွန်းရောက်အခြေအနေတစ်ခုဖြစ်တဲ့ လာနီညာ(La Niña)ဖြစ်စဉ် ကာလရှည်ဆက်လက်ဖြစ်ပေါ်နေတဲ့အခြေအနေ၊ လာနီညာဖြစ်စဉ်နဲ့ဆက်စပ်ဖြစ်ပေါ်လာနိုင်မယ့် ရာသီဥတု/မိုးလေဝသဖြစ်စဉ်များကို အများသိလွယ်/နားလည်လွယ်အောင် ကိုးကားတင်ပြပေးပါမယ်။

လာနီညာ(La Niña)လို့ သိကြတဲ့ ရာသီဥတုဖြစ်စဉ်ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ လာနီညာဖြစ်စဉ်ဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်းက စတင်ခဲ့ပါတယ်။ ကမ္ဘာ့မိုးလေဝသအဖွဲ့ရဲ့ ကာလရှည်ကြိုတင်ခန့်မှန်းထုတ်ပြန်ကြေညာချက်အရ ၂၀၂၂ ခုနှစ်၊ နွေရာသီမှ မိုးရာသီအစ ဇွန်လကုန်အထိ လာနီညာဖြစ်စဉ် ၇၀% ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်လ မှ စက်တင်ဘာလအတွင်းမှာတော့ ၅၀% မှ ၆၀% အထိလျော့ကျနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားပါတယ်။

အချို့ခန့်မှန်းချက်များမှာတော့ ၂၀၂၃ ခုနှစ် နွေရာသီအစကာလအထိတောင်မှ ဆက်ပြီးဖြစ်နေနိုင်သေးတယ်လို့ တွေ့ရတဲ့အတွက် ကမ္ဘာ့နေရာအနှံ့အပြားမှာ မိုးခေါင်ခြင်းနဲ့ ရေကြီးရေလျှံခြင်းများဟာ အနည်းဆုံး ဩဂုတ်လအထိဆက်ပြီး ဖြစ်နေနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အသစ်တစ်ခုမှာ တွေ့ရပါတယ်။
အရှေ့တောင်အာရှနဲ့ ဩစတေးလျဒေသတွေမှာ မိုးတွင်းကာလမှာတောင် ပျမ်းမျှမိုးရေချိန်ပမာဏကိုသာရရှိနိုင်ပြီး အာဖရိကဦးချိုနဲ့ တောင်အမေရိကတိုက်တွေမှာတော့ မိုးခေါင်ရေရှားမှုတွေ ဆက်ဖြစ်နေတာဟာ လာနီညာဖြစ်စဉ်ရဲ့လက္ခဏာတွေဖြစ်တယ်လို့လဲ သိရပါတယ်။

"လူတွေကြောင့်ဆက်ပြီး ဖြစ်နေတဲ့ ရာသီဥတုပြောင်းလဲမှုတွေဟာ လာနီညာလို သဘာဝအတိုင်းဖြစ်နေတဲ့ ဖြစ်စဉ်တွေရဲ့ သက်ရောက်မှုကို ပိုမိုတိုးများလာစေလို့ ပိုမိုပြင်းထန်တဲ့ အပူဒဏ်၊ မိုးခေါင်ရေရှား၊ တောမီးလောင်၊ မိုးရွာသွန်းမှုလွန်ကဲတာနဲ့ စံချိန်တင်ရေကြီးရေလျှံတာ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပိုမိုခံစားကြရမယ်" လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ အထွေထွေအတွင်းရေးမှုးချုပ် ပါမောက္ခ Petteri Taalas က သတိပေးထားပါတယ်။

ကိုးကား : WMO Estimated ENSO Probabilities for June to August 2022
https://bit.ly/3bP9UDl
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်