မှတ်ပုံတင်ဖျက်သိမ်းသည့် ပိုးသတ်ဆေးများစာရင်း

31/07/2018 15:10 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၏ (၆.၇.၂၀၁၈) နေ့တွင် ကျင်းပခဲ့သော (၂၈) ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည့်အဝေးအရမှတ်ပုံတင်ထားသော ပိုးသတ်ဆေးများကို ပိုးသတ်ဆေးဥပဒေ ပုဒ်မ၂၃ (စ) အရ သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း(၃၀) ကြိုတင်၍ မှတ်ပုံတင်သက်တမ်းတိုးရန် လျှောက်ထားရမည်ဖြစ်သော်လည်း ပိုးသတ်ဆေး (၁၂၁)မျိုးသည် သက်တမ်းတိုးလျှောက်ထားနိုင်ခြင်း မရှိခြင်းနှင့် ထုတ်လုပ်သည့်ကုမ္ပဏီများမှ မှတ်ပုံတင်ရုတ်သိမ်းလိုက်ကြောင်း တင်ပြလာသည်ဟုသိရသည်။
ထို့ကြောင့် အစည်းအဝေးဆုံးဖြတ်ချက်အရ အဆိုပါ ပိုးသတ်ဆေး (၁၂၁) မျိုးအား (၆.၇.၂၀၁၈) ရက်နေ့မှစ၍ မှတ်ပုံတင်ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပြီး ထိုပိုးသတ်ဆေးများကို ဈေးကွက်တွင် ဆက်လက်ရောင်းချပါက ပိုးသတ်ဆေးဥပဒေအရ ထိထိရောက်ရောက် အရေးယူသွားမည်ဟုလည်း သိရသည်။

Source - ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်