လေဖိအားနည်းရပ်ဝန်း ယနေ့အပြင်းထန်ဆုံးဖြစ်မည်ဖြစ်ပြီး ကမ်းရိုးတန်းဒေသများ မိုးသက်လေပြင်းကျနိုင်

13/07/2022 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း၊ အိန္ဒိယအရှေ့မြောက်ကမ်းခြေနားက လေ ဖိအားနည်းရပ်ဝန်း(INVEST-95B)ဟာ ဒီနေ့အပြင်းထန်ဆုံးဖြစ်မှာဖြစ်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်းတွေ ကျနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသုံးသပ်သူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။

‘ ဒီအရှိန်ကြောင့် အလယ်ပိုင်းဒေသတော်တော်များများအပါအဝင် တစ်နိုင်ငံလုံး နေရာအနှံ့ အပြားမိုးရွာနိုင်ပြီး ရခိုင်/ဧရာဝတီကမ်းရိုးတန်းဒေသတွေနဲ့ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် မိုးသက်လေပြင်းကျပြီးလှိုင်းကြီးနိုင်ပါမယ်’ လို့ ဦးဝင်းနိုင်က သူ့ရဲ့ ဖေ့စ်ဘွတ် အကောင့်ကနေ သတိပေးထားတာဖြစ်ပါတယ်။

ဒီအခြေအနေက ၁၅ ရက်နေ့ မနက်ပိုင်းလောက်ထိ ဆက်သွားနိုင်ပြီး အဲ့နောက်ပိုင်းကျရင်တော့ လေဖိအားနည်းရပ်ဝန်းက ကုန်းတွင်းကိုဝင်ရောက် အားပျော့သွားနိုင်ကာ တချို့ဒေသတွေမှာ မိုးနည်းသွားတော့မှာဖြစ်တယ်လို့ ဦးဝင်းနိုင်က Green Way ကို ပြောပါတယ်။

“နည်းသွားတာက ဘယ်မှာနည်းသွားမလဲဆိုတော့ အလယ်ပိုင်းဒေသတွေရယ်၊ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတချို့ရယ်၊ နောက် ကချင်ပြည်နယ်ထဲက တချို့ဒေသတွေမှာလည်း မိုးနည်းသွားလိမ့်မယ် ” 

အဲ့ဒီဒေသတွေကလွဲလို့ ကျန်တဲ့ဒေသတွေမှာတော့ မိုးက ပုံမှန်ရွာသွန်းမြဲအတိုင်းဆက်ရှိနေ မှာဖြစ်ပြီး တချို့ဒေသတွေမှာ နေရာကွက်မိုးကြီးတာတွေလည်း ဆက်ရှိနေဦးမယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းပါတယ်။

တချို့အလယ်ပိုင်းဒေသတွေမှာတော့ ၁၅ ရက် ၁၆ ရက်နောက်ပိုင်း မိုးပြတ်သွားနိုင်ပြီး နေ့အပူချိန်တွေလည်း 36° C အထိ တက်လာနိုင်တယ်လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

Photo Crd_Win Naing FB

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်