မြန်မာမှို (၃)မျိုးကို Makro စျေးကွက်ကို တင်ပို့ရောင်းချလျက်ရှိ

21/05/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့ မှို (၃)မျိုးကို ပြည်တွင်းစျေးကွက်ဖြစ်တဲ့ Makro စျေးကွက်ကို တင်ပို့ရောင်းချနေတာဖြစ်တယ်လို့ စားသုံး မှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့မှ သိရပါတယ်။

မြန်မာ့ မှိုများကို လိုအပ်ချက်ရှိသလောက် တင်ပို့ရောင်းချနေရတာဖြစ်တယ်လို့  စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအ ဖွဲ့မှ ဦးတင်အောင်ကပြောပါတယ်။

မှို (၃)မျိုးကတော့ Makro စျေးကွက်ကို ရောင်းချနေရပါတယ်။ လိုအပ်ချက်ရှိသလောက်တော့တင်ပို့ရောင်းချနေရပါတယ်

မြန်မာ့ မှို(၃)မျိုးဖြစ်တဲ့ ကောက်ရိုး မှိုစတဲ့ မှို(၂)မျိုးကို တင်ပို့နေတာဖြစ်ကြောင်းအဆိုပါ အစုအ ဖွဲ့မှသိရပါတယ်။

Makro စျေးကွက်ကို ဧပြီလမှစတင်ကာ ရောင်းချပေးတာဖြစ်ကြောင်းလည်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့မှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM) 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်