နွေစပါးပြိုင်တူပေါ်ချိန်၌ စပါးဈေးပြန်ကျမည်ကို တောင်သူအများစုစိုးရိမ်နေ

04/02/2021 11:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

         စပါးပြိုင်တူပေါ်ချိန်သို့ ရောက်ရှိပါက စပါးဈေးပြန်ကျသွားမည်ကို စိုးရိမ်နေရကြောင်း ဧရာဝတီတိုင်းအတွင်းရှိ နွေစပါးစိုက်ပျိုးသူများထံမှ သိရသည်။

နွေစပါးကို စက်တင်ဘာလ (၂၉)ရက်နေ့က စစိုက်ထားတာပါ။ GW-11 စပ်မျိုးစပါးကို (၂၂)ဧက စိုက်ထားပါတယ်။ ဒီမျိုးက (၁၁၅) ရက်သက်တမ်းရှိတယ်။ အထွက်နှုန်းကောင်းတယ်။ ဈေးကွက်အနေအထားကတော့ အဆင်ပြေရင် ပြေသလို သီးနှံထွက်ချိန် ပေါက်ဈေးကိုကြည့်ပြီး ရောင်းချရမှာပါ။ အရင်နှစ်ကထက်စာရင် ဒီနှစ်၊ ဒီအချိန်မျိုး၊ စပါးရှားပါးချိန်မို့ ဈေးကောင်းနေပေမယ့်လည်း စပါးတွေပြိုင်တူပေါ်ချိန်ရောက်ရင်တော့ ဈေးပြန်ကျသွားနိုင်ခြေ ရှိနေပါတယ်။ စပါးလှိုင်လှိုင်ပေါ်ချိန်မှာ ဈေးကွက်တည်ငြိမ်ဖို့က ပိုပြီးအရေးကြီးပါတယ်။ ဈေးကွက်တည်ငြိမ်မှသာ တောင်သူတွေဘဝ တိုးတက်လာမှာပါ

ဟု ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဓနော်ကျေးရွာအုပ်စု၊ ခရေကန်ကျေးရွာမှ နွေစပါး စီးပွားဖြစ်စိုက်ပျိုးသူ ကိုဖြိုးလင်းဇော်က ပြောသည်။

        လက်ရှိဈေးကွက်တွင် နွေစပါး (GW-11 စပ်မျိုးစပါး) တင်း (၁၀၀)/အစို ပေါင်ချိန် (၁၀၀) လျှင် (၆၉၀,၀၀၀) ကျပ် ဈေးနှုန်းဖြင့် ရောင်းချနေကြောင်း သိရသည်။

အရင်နှစ်က စပါးတွေပြိုင်တူပေါ်ချိန်မှာ (၅၄၀,၀၀၀) ကျပ် ဈေးနဲ့ ရောင်းခဲ့ရပါတယ်။ အခုနှစ်မှာတော့ အနိမ့်ဆုံးဈေး ကျပ် (၆၅၀,၀၀၀) လောက်နဲ့ မြဲနေမှသာ တောင်သူလယ်သမားတွေ အတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

        နွေစပါးစိုက်ပျိုးသည့်အခါ ရေကျချိန်အပေါ် မူတည်ပြီး စိုက်ပျိုးလေ့ရှိပြီး ရေစိမ်၊ အစို့ဖောက်၊ ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးကြကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်