ယခုလက်ရှိအချိန်ထိ မြန်မာ့ကြက်သွန်နီကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ ဝယ်ယူနေလျက်ရှိပြီးတင်ပို့နေရတာဖြစ်ကြောင်း မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
မြန်မာ့ကြက်သွန်နီကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှ အခုလက်ရှိအချိန်ထိ ဝယ်ယူနေတာဖြစ်ပြီး စျေးနှုန်းမှာလည်း မြင့်တက်နေကြောင်း မြန်မာနိုင်ငံကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့်စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနေသူများအသင်းမှ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။
ကြက်သွန်နီကတော့ စျေးနှုန်းရနေပါတယ်။ ဘင်္ဂလားဒေ့ရ်ှကလည်း အခုချိန်ထိဝယ်နေသေးတော့ စျေးမြင့်တာလည်းပါတယ်။ သူတို့ဘက်ကို တင်ပို့နေရတာတွေရှိတော့ စျေးနှုန်းက အရင်လတွေကဆို တော်တော်လေးမြင့်သွားတယ်
မြန်မာ့ကြက်သွန်နီကုန်တင်ကာစီးရေမှာ နယ်စုံမှ အစီးရေ (၂၇) စီးဝင်ရောက်လျက်ရှိကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့ကြက်သွန်နီစျေးနှုန်းမှာ ဆိပ်ဖြူရှယ် တစ်ပိဿာကို ၁၇၅၀ ကျပ်၊ မြစ်သားရှယ် (သစ်) တစ်ပိဿာကို ၂၀၀၀ ကျပ်နဲ့ ပခုက္ကူရှယ် (သစ်) တစ်ပိဿာကို ၁၈၀၀ ကျပ်၊ တောင်တွင်းရှယ်(သစ်) တစ်ပိဿာကို ၁၇၅၀ ကျပ်နဲ့ မြင်းခြံရှယ်သစ် တစ်ပိဿာကို ၁၈၀၀ ကျပ်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် စျေးနှုန်းများအရ သိရပါတယ်။
တိုးတိုးခိုင်(ABM)
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်