ဇာတိပ္ဖိုလ် ရဲ့ ကောင်းကျိုးများ

17/02/2022 16:30 PM တွင် နန်းအောင် နန်းအောင် မှ ရေးသား

ကြက်သွန်ဖြူညှော်နံ့နဲ့ အခြားညှော်နံ့တွေဟာ အနာရှိတဲ့သူတွေအတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ညှော်နံ့ ကင်းအောင်ဆိုပြီး ဇာတိပ္ဖိုလ်စေ့ကို သွေးပြီးလျက်တာကို သိကြသူတွေ ရှိပြီးဖြစ်မှာပါ..။ 

ဇာတိပ္ဖိုလ်စေ့ဟာ အန်တီအောက်ဆီးဒန့် ဓာတ်ကြွယ်ဝတဲ့အတွက်ကြောင့် ကင်ဆာ၊ နှလုံးရောဂါနဲ့ အသည်း ရောဂါတို့ကို ကာကွယ်ရာမှာလည်း အကူအညီဖြစ်စေပြီး အရွယ်မတိုင်မီ အသက်အရွယ် အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးပါတယ်။

ဒါ့အပြင် သူ့မှာ စိတ်ဝင်စားစရာ တခြားကောင်းကျိုးလေးတွေလည်းရှိလို့ ကျနော်ပြောပြပေးလိုပါတယ်။ 

၁။ သွားနဲ့ပတ်သက်တဲ့ ကျန်းမာရေး

ဇာတိပ္ဖိုလ်သီးကနေရတဲ့ အဆီကို သွားနဲ့ပတ်သက်တဲ့ ထုတ်ကုန်များ ( သွားတိုက်ဆေး ၊ ခံတွင်းသန့်ဆေးရည် ) စတာတွေမှာ အသုံးပြုကြပါတယ်။ ဘယ်လိုအကျိုးပြုလဲဆိုတော့ ခံတွင်းနဲ့ဆိုင်တဲ့ ရောဂါ တွေကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ၊ တခြားရောဂါဖြစ်စေတဲ့ သက်ရှိတွေကို ဆန့်ကျင်ပေးပြီး ခံတွင်းအနံ့ ဆိုးထွက်တာကိုလည်း သက်သာစေပါတယ်။ သွားကိုက်တာကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ 

၂။ အိပ်ပျော်စေခြင်း

ဇာတိပ္ဖိုလ်ကို ပမာဏအနည်းငယ် သုံးပေးခြင်းဖြင့် အိပ်ချိန်မှန်စေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။ 

ဒါ့အပြင် ဇာတိပ္ဖိုလ်မှာ အမျှင်ဓာတ် ကြွယ်ဝတဲ့အတွက်ကြောင့် အစာချေစနစ်ကိုကောင်းမွန်စေပြီး သွေးထဲရှိ ဂလူးကို့စ် ပမာဏကို ထိန်းညှိပေးတဲ့အတွက်ကြောင့် ဆီးချိုရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ 

အခြားကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးတွေကတော့..

• ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း

• အရိုးနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ကောင်းမွန်စေခြင်း

• သွေးလည်ပတ်မှုကောင်းမွန်စေခြင်း

• အစာခြေစနစ်ကောင်းမွန်စေခြင်း

စတာတွေပဲ ဖြစ်ပါတယ်..။

 

ဇာတိပ္ဖိုလ်စေ့မှာ ပါဝင်တဲ့ ဓာတ်တွေကတော့...

• ဗီတာမင်  အေ၊ စီ၊ အီး

• မန်းဂနိစ်

• မဂ္ဂနီဆီယမ်

• ကော့ပါး 

• ဖော့စ်ဖရပ်စ်

• သံဓာတ်

• ဇင့်ဓာတ် တို့ဖြစ်ပါတယ်။

ဇာတိပ္ဖိုလ်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းမှာဆိုရင် ၁၂ ကယ်လိုရီ၊ အဆီ ၁ ဂရမ်၊ ကာဘိုဟိုက်ဒြိတ် ၁ ဂရမ်နဲ့ သကြားဓာတ် ၁ ဂရမ် ပါရှိပါတယ်။

 

ဇာတိပ္ဖိုလ်စေ့ကိုအကျိုးရှိရှိ ဘယ်လို အသုံးပြုမလဲ..။

ဇာတိပ္ဖိုလ်စေ့ကို ကိုယ်တိုင်ကြိတ်ပြီး သုံးကြသလို ၊ အဆင်သင့်ကြိတ်ချေပြီးသားအမှုန့်အနေနဲ့လည်း  ထုတ်လုပ်ထားတာတွေရှိသလို အခြားလူသုံးကုန်ပစ္စည်းတွေမှာလည်း ထည့်သွင်းဖော်စပ်ထုတ်လုပ်ထားတာတွေ လည်းရှိပါတယ်။ ဇာတိပ္ဖိုလ်မှုန့်ကို ဉရောပနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ပြင်သစ်နိုင်ငံတို့မှာ အစားအသောက်ထဲကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်ပါ ထည့်သွင်းချက်ကြတယ်လို့ သိရပါတယ်။

အစားအသောက်ထဲကိုထည့်ပြီး ဆေးဝါးအဖြစ်အသုံးပြုပုံ နည်းလမ်းတော်တော်များများလည်း ရှိပါတယ်။

• ကော်ဖီ၊ ချောကလက်ပြုလုပ်ရာ မခဲမီအချိန်နဲ့ လက်ဖက်ရည်နဲ့ နွားနို့ပူပူနွေးနွေးတွေမှာ ရောပြီး သောက်သုံးခြင်း

• ရာသီပေါ်အစားအစာတွေဖြစ်တဲ့ မုန်လာပွင့်ချက်ရာမှာ ဟင်းခတ်မှုန့်အဖြစ် ထည့်သွင်းချက်ခြင်း၊ 

• အသီးများ၊ (ဉပမာ ၊ သရက်သီး) စားရာမှာ အရသာမှုန့်အဖြစ် ဖြူး၍ စားသုံးခြင်း

• ကန်စွန်းဉ၊ အာလူးနဲ့ တခြားမုန့်များ ဖုတ်ရာတွင်လည်း ထည့်သွင်းအသုံးပြုခြင်းတို့ ဖြစ်ပါတယ်။

ဇာတိပ္ဖိုလ်စေ့က ပမာဏအနည်းငယ်ပဲ အသုံးပြုမယ်ဆိုရင်တော့ အန္တရာယ်ကင်းပါတယ်။ ဒါတောင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း ( ၅ ဂရမ် )နဲ့ အထက်ပိုပြီးသုံးမယ်ဆိုရင် အဆိပ်ဖြစ်စေပါတယ်။ ဒီထက်ပိုပြီးသုံးမယ် ဆိုရင်တော့ ရောဂါလက္ခဏာက ပိုပိုဆိုးရွားလာပြီး သေတဲ့အထိတောင်ဖြစ်နိုင်ပါတယ်။ 

ဘယ်အရာမှာဖြစ်ဖြစ် လိုအပ်တဲ့ ပမာဏထက်ပိုပြီး သုံးစွဲမယ်ဆိုရင်တော့ အန္တရာယ်ဖြစ်စေကြတာပါပဲ။ ဒီတော့ ဇာတိပ္ဖိုလ်စေ့ကို လိုအပ်တဲ့အခါ လိုအပ်တဲ့ ပမာဏအတိုင်း ကျန်းမာရေးအတွက် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေဗျ။ ။

https://www.webmd.com/diet/nutmeg-health-benefits-nutrition-uses

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်