စားအုန်းဆီဈေးများကျနေသော်လည်း ကျပ် ၆၀၀၀ အောက်ထိ မရောက်နိုင်ဟု ဆီကုန်သည်များ သုံးသပ်

25/03/2022 13:34 PM တွင် AMIA AMIA မှ ရေးသား

စားအုန်းဆီအဝင်ရှိနေပြီး ဈေးတွေကျဆင်းသွားပေမယ့်  မကြာခင် သင်္ကြန်ကာလနီးလာပြီဖြစ်တဲ့အတွက် ဆီဈေးဟာ ကျပ် ၆၀၀၀ အောက် မရောက်နိုင်ဘူးလို့ ဆီကုန်သည်တွေက သုံးသပ်ထားပါတယ်။

စားအုန်းဆီတင်သွင်းတဲ့ နိုင်ငံတွေမှာ စားအုန်းဆီဈေးကျဆင်းတဲ့အတွက် ပြည်တွင်းစားအုန်းဆီဈေးတွေဟာ ပြီးခဲ့တဲ့ အပတ်ကစလို့ ဈေးကျဆင်းသွားတာဖြစ်ပါတယ်။ ဆီကုန်သည်အသင်းက တော့ မတ် ၂၁ ရက်ကနေ ၂၇ ရက်အထိ လက်ကားရည်ညွှန်းဈေးအနေနဲ့ ၅၆၆၀ ကနေ ၆၃၇၅ ကျပ် ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်ရှိ ဒီနေ့ မတ် ၂၅ ရက်မှာတော့ လက်ကားဈေးက တစ်ပိဿာကို ၆၃၀၀ ကနေ ၆၅၀၀ ကြားအရောင်းအဝယ်ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆီကုန်သည်အသင်းကတော့ မြို့နယ်အလိုက် ဆီရောင်းချနေမှုကို မတ် ၂၂ ရက်နေ့အထိ ၆၇၀၀ ကျပ်ဖြင့်ရောင်းချပေးခဲ့ပြီး လက်ရှိမှာတော့ တစ်ပိဿာကို ၅၈၀၀ ကျပ်ဖြင့်ရောင်းချပေးနေတယ်လို့ သိရပါတယ်။ 

မြေပဲဆန်ဈေးကျဆင်းတာတွေ၊ ဆီမျိုးစုံပြန်လည်ဈေးကျဆင်းနေမှုကြောင့် မြေပဲဆီကလည်း ပြန်လည် ဈေးကျဆင်းသလို နှမ်းဆီဈေးတွေလည်း ပြန်ကျဆင်းသွားပါတယ်။

မြေပဲဆီက တစ်ပိဿာကို ၁၀၀၀ လောက်ပြန်ကျဆင်းပြီး လက်ကားဈေးအနေနဲ့ လက်ရှိတစ်ပိဿာကို ၇၅၀၀ ကနေ ၈၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။ နှမ်းဆီကလည်း တစ်ပိဿာကို ၇၀၀၀ ကနေ ၇၅၀၀ ကြား ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

မြေပဲဆီနဲ့ နှမ်းဆီတို့ကတော့ ဒေသအတွင်းဝယ်လိုအားပေါ်မူတည်ပြီးဈေးအတက်အကျအပြောင်းအလဲက သိပ်မရှိနိုင်ပေမယ့် စားအုန်းဆီကတော့ ပြည်ပတင်သွင်းကုန်ဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာစားအုန်းဆီ ဈေးကွက်၊ ငွေကြေးလဲလှယ်မှုနှုန်းထား၊ ဈေးကစားမှုပေါ်မူတည်နေပြီး အတက်အကျအပြောင်းလဲတွေ ရှိနိုင်ပါသေးတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်