ကြက်သွန်နီဈေး အမြင့်ဆုံးဈေးတန်း ပြန်ရောက်လာ

25/07/2022 16:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာတော့ တဖြည်းဖြည်းဈေးပြန်တက်နေတဲ့ ကြက်သွန်နီဟာ ဒီနေ့မှာတော့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းတုန်းက ရောက်ရှိခဲ့တဲ့ အမြင့်ဆုံးဈေးအထိ ပြန်ရောက်လာပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် ၁၉၀၀ ထိ ရောက်ရှိသွားခဲ့ပြီးနောက် တဖြည်းဖြည်း ဈေးပြန်ကျလာတဲ့ ကြက်သွန်နီဈေးဟာ ပြီးခဲ့တဲ့တစ်ပတ်ခန့်ကစလို့ အတက်ပိုင်းကို ပြန်ရောက်လာပြီး အမျိုးအစားအလိုက် ၁၃၀၀ ကနေ ၁၉၀၀ ကြား ပေါက်ဈေး ရှိနေတာဖြစ်ပါတယ်။

ယနေ့ ကြက်သွန်နီဈေးနှုန်းများ (၁ ပိဿာ) (ဘုရင့်နောင်ဈေးကွက်)

  • ကြက်သွန်နီ (ဆိပ်ဖြူရှယ် - သစ်) - ၁၉၀၀ ကျပ်
  • ကြက်သွန်နီ (ဆိပ်ဖြူလတ်ကြီး)   - ၁၈၀၀ ကျပ်
  • ကြက်သွန်နီ (ဆိပ်ဖြူလတ်သန့်)   - ၁၆၀၀ ကျပ်
  • ကြက်သွန်နီ (ဆိပ်ဖြူလတ်ချော)  - ၁၃၀၀ ကျပ်

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်