အူးမိုက်စိများကြောင့်ဖြစ်သည့်ရောဂါများနှင့် နိုင်သည့်မှိုသတ်ဆေးများ

30/06/2022 15:00 PM တွင် ဖုန်းမာန်တိုး ဖုန်းမာန်တိုး မှ ရေးသား

ကွမ်း ဖိုက်တော့ဖသိုရာအကွက် (ပင်စည်တွေမှာပါဖြစ်တယ် ရိုးမဲ)(မှိုရောဂါများအကြောင်း -

အရင်အပတ်တုန်းက အပင်မှာကျတဲ့ မှိုရောဂါတွေက အကြမ်းဖျင်းနှစ်မျိုးရှိတယ်လို့ပြောပြခဲ့ပြီးဖြစ်ပါတယ်။အခု တစ်ခါမှာတော့ အဲ့နှစ်မျိုးထဲက တစ်မျိုး Oomycota အုပ်စု (Oomycetes) ဘုံနိမ့်မှိုတွေကြောင့် ဖြစ်တဲ့ရောဂါတွေနဲ့ နိုင်တဲ့ဆေးတွေကို ထပ်ပြောပြပေးပါရစေခင်ဗျ။

Oomycota မှာ အဓိကအားဖြင့် အပင်ရောဂါဖြစ်စေတဲ့ မှိုတွေကတော့ Phytopthora spps., နဲ့ Pythium spps တွေပဲဖြစ်ပါတယ်။ သူတို့နှစ်မျိုးက များသောအားဖြင့်တော့ မြေဆောင်နေကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေကျ လေလည်းဆောင်ပါတယ်။

များသောအားဖြင့် အပင်ငယ်ပျိုးပင်တွေမှာ ပျော့ပုတ်ပြီး ခါးရိတယ်၊ ကျိုးတယ်။ Phythopthora ကတော့ အပင်ကြီးတွေမှာလည်း အရွက်တွေလောင်ခြောက်စေတယ်။ ပုတ်ပြီးသေစေတယ်။

သူကလည်း Oomycota အောက်က မှိုတစ်မျိုးပါပဲ။ Aphanomyces ကတော့ ပဲတွေမှာအဓိက ပျော့ပုတ်ရိပြီး သေစေတယ်။ စားတော်ပဲမှာ ပိုဆိုးတယ်။

Oomycota အုပ်စုထဲက ကျန်တဲ့ မှိုတွေကတော့ Peronospora spps, Plasmopara spps, Bremia spps, Pseudoperonospora spps, and Sclerospora spps တွေပါ။ ဒါတွေကတော့ လေဆောင်မှိုတွေချည်းပါပဲ။ အရမ်းဆိုးပါတယ်။

ဒေါင်းနီးရွက်ခြာက်ရောဂါတွေဖြစ်စေတာပါ။

Downy mildew (ဒေါင်းနီးရွက်ခြောက်) တွေက အဓိကအားဖြင့် အပင်မှာ လောင်ခြောက်ပြီးတော့ပြပါတယ်။ အရွက်တွေ၊ ကိုင်းတွေ အသီးကင်းတွေ ခြောက်တယ်။ အရွက်အောက်မျက်နှာပြင်မှာဆို ပိုထင်ရှားတယ်။ ကြက်မွှေးနုလေးတွေ ဝါဂွမ်းဖတ်စုပြီး နေသလိုပဲ။ အပေါ်ဘက်မှာတော့ အဝါဖျော့၊ အစိမ်းနု စသည်ဖြင့်ကွဲတယ်။ သာမန်အရောင်ထက် လက်ခံပင် သီးနှံအလိုက်ကွဲတယ်။ (အထူးသဖြင့် ဖရဲ၊ သခွား၊ ကြက်သွန်၊ ကိုက်လန် ..)

Oomycota ထဲကမှ..

နောက်ဆုံးသိပ်အရေးမကြီးပေမဲ့ အတွေ့ရတော့များတဲ့တစ်ခုက Albugo spps.တွေပါ။ သူတို့ကတော့ လေဆောင်ပဲ။ အဓိက သံချေးဖြူ (white rust) တွေဖြစ်တယ်။ အရွက်မှာ သံချေးတက်သလိုပဲ။ ဒါပေမဲ့ အဖြူရောင် နွားနို့အနှစ်ကအပေါ်ယံလို အရွက်အောက်ဘက်မှာ အဖုလေးတွေလည်း တွေ့ရတယ်။ ဟင်းနုနွယ်တို့ ကန်စွန်းတို့ မုန်ညင်းမုန်လာ၊ ကိုက်လန်တွေမှာ ဖြစ်တတ်တယ်။ ဒါပေမဲ့ စီးပွားရေးအရတော့ သိပ်မထိခိုက်ဘူး။

Oomycota တွေက တခြားမှိုတွေနဲ့မတူပါဘူး။ အဓိကအားဖြင့်တော့ ဆဲလ်နံရံတွေတည်ဆောက်ပုံပါ။ သူတို့မှာ glucan ပါတယ်။ chitin (ခိုက်တင်) မပါဘူး။ (တခြား cota အုပ်စုတွေဖြစ်တဲ့ Asco တို့ Basidio တို့မှာတော့ ပါတယ်။ သူတို့က higher တွေ။)

ဒီလိုမတူညီတာနဲ့တင် သူတို့ကိုကာကွယ်ဖို့ တိုက်ထုတ်ဖို့သုံးတဲ့ မှိုသတ်ဆေးတွေကလည်းမတူညီနိုင်တော့ပါဘူး။

Zoospore တွေကိုကျ စွတ်စိုထိုင်းမှိုင်းရင်ထုတ်တယ်။ မိုးတွင်းလိုမျိုးဆိုရင် Zoospore တွေက တစ်နေရာကနေ တစ်နေရာရွေ့တယ်။ ရေယက်ပါတယ်။ ပြီးတော့ sporangia ထဲမှာရှိတယ်။ သူတို့က လိင်မဲ့ asexual တွေ။

Sexual အနေတဲ့ကျတော့ Oospore တွေ ထုတ်တယ်။

ဆေး Company က လူတချို့က Oomycota ရောဂါတွေကို သေချာမခွဲတတ်ကြဘူး။ ဒီ့အတွက်တောင်သူတွေဟာ မနိုင်တဲ့ဆေးတွေနဲ့တိုးတတ်ပါတယ်။

Oomycota ကြောင့် မြန်မာပြည်မှာဖြစ်တဲ့ စိုက်ပျိုးသီးနှံအလိုက်တွေ့ရတဲ့ ရောဂါအများစုကတော့...

- ပဲပင်ငယ်စဉ်ပျော့ပုတ်သေ ခါးရိရောဂါများ

- ခရမ်းချဉ်၊ ခရမ်း၊ အာလူး လောင်မဲရောဂါ

- စားတော်ပဲဒေါင်းနီး

- ကြက်သွန်ဒေါင်းနီး

- သ‌‌‌‌‌‌ေင်္ဘာဖိုက်တော့ဖသိုရာ ပင်ချေပုတ်

- ဒူးရင်း ဖိုက်တော့ဖသိုရာ ပင်စည်ပုတ် အရွက်ခြောက်

- ဘိန်း ဒေါင်းနီးရွက်ခြောက်

- ပိန်း ဖိုက်တော့ဖသိုရာ ရွက်ခြောက် ရွက်ပုတ်

- ပန်းမျိုးနွယ်ပင် ဟင်းသီးဟင်းရွက်ပင်များ ပစ်သီရမ် ပင်ချေပျော့ပုတ်

- ဖရဲ သခွားမွှေး ဒေါင်းနီး ရွက်ခြောက်

- ဖရဲ သခွားမွှေး ဖိုက်တော့ဖသိုရာ ပျော့ပုတ် သီးပုတ်

- စပျစ် ဒေါင်းနီးရွက်ခြောက် စသည်ဖြင့်

- နှမ်းဖိုက်တော့သိုရာ ပင်စည်ပုတ် ပင်ချေပုတ် ကိုင်းခြောက်

- ကွမ်းဖိုက်တော့သိုရာ ရိုးမဲ ဆစ်ပုတ် ပင်စည်ရိပုတ် စတာတွေ ဖြစ်ပါတယ်။

သာမာန်မှိုသတ်ဆေးတွေက ဒီ Oomycota မှိုတွေကို မနိုင်တာများတယ်။

နိုင်တဲ့မှိုသတ်ဆေးတွေဆိုရင်တော့ တတ်သလောက် တွေ့သလောက်ပြောရရင်..

- Cu (copper ပါတဲ့ဆေးတွေ) ( e.g - cuprous oxcide, Bordeaux mixture or Copper hydroxide (kocide ဆိုပြီးလည်းသိကြတယ် company တွေအလိုက်))

- Dithicarbamate အုပ်စုတွေ (e.g, Chloranil, Dichlone, Thiram, Zineb, Mancozeb, Nabam, Maneb)

- Aromatic hydrocarbon တွေ ( benzne ring နဲ့ဟာတွေ)

( e.g, biphynel, Pathalimide, Captan, folpet, captafol) 

- Phenylamides တွေ (အထင်ရှားဆုံးနဲ့ လူသိအများဆုံး)

- Metalaxyl or Mefenoxam နဲ့ Fosetyl AL

- Hymexazol, Cymoxanil, Fosetyl only,

- Furalaxyl, Ofurace, Benalaxyl, Oxadixyl, propamocarb, Fluazinam, Dimethomorph, Chlorothalonil, triphenyltin, ethazol, propamocarb, polyram and fentin hydroxide

- Strobilurine အခြေခံထားတဲ့ဆေးတွေ  စတာတွေဖြစ်ပါတယ်။

မှတ်ချက်- ယခုဖော်ပြထားသောဆေးများမှာ Ai အဆိပ်ရှိပစ္စည်းများသာဖြစ်ပါတယ်။ဆေးကုမ္ပဏီအလိုက် ဈေးကွက်အမည်အမျိုးမျိုး ရှိပါတယ်။ နောက်ပြီး မှိုတွေက ဆေးတစ်ခုတည်း ခဏခဏသုံးရင် ဆေးယဉ်တတ်ပါတယ်။ ဒါ့အတွက် အထက်ပါမှိုသတ်ဆေးတွေကို အနည်းဆုံး နှစ်ခုလောက်ကို တစ်လှည့်စီ သုံးပေးသင့်ပါတယ်။

Ref: American Phytopthological Society website, Agrios and Switzerland crop protection division: Imstitute of Microbiology

အူးမိုက်စိများကြောင့်ဖြစ်တဲ့ အပင်ရောဂါလက္ခဏာများကို အောက်တွင်တစ်ပုံချင်းစီ ဖော်ပြပေးထားပါသည်။

ဟင်ဟီးဟင်းရွက်ပင်အများစု အစေ့ပေါက်ခါစ အပင်စိုက်ခါစ ခါးရိခြင်း
ကြက်သွန်ဒေါင်းနီး
ကြက်သွန်ဒေါင်းနီး အနီးကပ် (အမွှေးသေးသေးလေး မီးခိုးရောင် အဖြူညစ်ညစ်တွေ့ရ)

သ‌‌ေင်္ဘာ ဖိုက်တော့ဖသိုရာ ပင်ချေပုတ်

နှင်းဆီဒေါင်းနီး
နှင်းဆီဒေါင်းနီးရွက်ခြောက်လက္ခဏာ
ပိန်းဖိုက်တော့ဖသိုရာ
စားတော်ပဲအောက်ရွက် ဒေါင်းနီးမှိုအစုအဝေး မီးခိုး(သို့) ဖြူညစ်ညစ် အဖတ်အမွှေးလေးတွေ
စပျစ် ဒေါင်းနီးအပေါ်ဘက်
ပုံ ‌a - ဖိုက်တော့ဖသိုရာမှိုရာဂါကျနှမ်း ကိုင်းမဲ ပင်ခြေမဲ
ဂေါ်ဖီ မုန်ညင်း မုန်လာ ဒေါင်းနီးမှို အနီးကပ်
ဂေါ်ဖီ၊ မုန်ညင်း မုန်လာ ဒေါင်းနီးမှို အနီးအဝေး (အဝါရောင်အနားပြေးတွေပါတတ်ပါတယ်)
ဘိန်း ဒေါင်းနီးမှိုရောဂါ
ဘိန်းဒေါင်းနီး အဝေး
ဖရဲသခွား ဖိုက်တော့ဖသိုရာ
ဖရဲသခွား ဖိုက်တော့ဖသိုရာ
ခရမ်းချဉ် ငရုတ် ငရုတ်ပွ ဖိုက်တော့ဖသိုရာကိုင်းမဲ ပင်ခြေခြောက်
စားတော်ပဲဒေါင်းနီးအရွက် ‌အောက်မျက်နှာပြင်
အာလူးလောင်မဲရောဂါ
စပျစ်ဒေါင်းနီးအရွက်အောက်ဘက်မျက်နှာ
ဒူးရင်း ဖိုက်တော့ဖသိုရာ
ဒူးရင်း ဖိုက်တော့ဖသိုရာ
ကွမ်း ဖိုက်တော့ဖသိုရာအကွက် (ပင်စည်တွေမှာပါဖြစ်တယ် ရိုးမဲ)
ဂန္ဓမာ အက်စတာ ပန်းပင် ပစ်သီရမ် ပင်ရင်းပုတ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်