ကာကွယ်ခြင်း − ၁ (စက်ဖြင့်နို့ညှစ်ခြင်း)

20/07/2018 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

စက်ဖြင့် နို့ညစ်ရာတွင် နို့တိုင်များ သန့်ရှင်းခြောက်သွေ့မှု ရှိက နို့ညစ်ယူနိုင်သည်။ နို့ဉီးရည်တွင် နို့အုံရောင်ရောဂါများ ပါဝင်မှု ရှိမရှိ စစ်ဆေးပြီးမှသာ စက်ဖြင့် နို့ညစ်ခြင်း လုပ်ငန်းကို လုပ်ဆောင်ရမည်။ နို့ညစ်ခွက်များကို နို့တိုင်များတွင် ညင်သာနူးညံ့စွာ တပ်ဆင်ပြီးလျှင် နို့ကို စတင်ညှစ်ယူနိုင်ပါသည်။

အဓိကအရေးပါသောအချက်များ

  •  နို့ညှစ်ခွက်များကို ညင်သာစွာတပ်ဆင်ပါ။
  • နို့ကို ကုန်စင်အောင်ညှစ်ယူနိုင်ရန်နှင့် သန့်ရှင်းသောနို့ရရှိနိုင်စေရန် နို့ညှစ်စက်ကို အသုံးပြုသင့်သည်။

  • နို့များကုန်စင်အောင်ညှစ်ယူပြီးပါက နို့ညှစ်ခွက်များကို ချက်ခြင်းဖယ်ရှားခြင်းဖြင့် အလွန်အကျွံ နို့ညှစ် ယူမိခြင်းကို ရှောင်ရှားရမည်။

  • နို့ညှစ်ပြီးနောက် () မိနစ်အတွင်း နို့ညှစ်ခွက်ဖြုတ်စေခြင်းအား မဖြစ်မနေခိုင်မာစွာ လုပ်ဆောင်ရန် စည်းမျဉ်းအဖြစ် ကျင့်သုံးရမည်။

  • နို့ညှစ်ခွက်များကို ကြမ်းတမ်းစွာ/လေဖိအားရှိစဉ်ဖြုတ်ယူခြင်းသည် နို့ညှစ်သမားကြောင့်နို့အုံရောင် ရောဂါ ဖြစ်ပွားစေမှု၏ အဓိကအကြောင်းအရာများတွင် ပါဝင်သည်။ နို့ညစ်ခွက်များကို ညင်သာစွာ ဖြုတ်ယူရမည်။

Source - မြန်မာ - နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူခြင်း စီမံကိန်း

 

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်