အင်္ဂလိပ်အမည် – Red Hairy Caterpillar
သိပ္ပံအမည် – Amsacta albistriga (Walker [1865]), A. moorei (Butler, 1875)
မျိုးရင်း – Erebidae
မျိုးစဉ် – Lepidoptera
ဖျက်ဆီးပုံလက္ခဏာများ
• ခူကောင်များသည် မြေပဲပင်၏ အရွက်အားလုံးကို စားပစ်ပြီး ပင်စည်သာကျန်တော့သည်။
ဖျက်ပိုး၏ ဝိသေသလက္ခဏာများ
လောက်ကောင် – အမွှေးထူလောက်ကောင်သည် နီညိုရောင်ကိုယ်ခန္ဓာရှိကာ အစွန်းပိုင်းတစ်ဖက်စီတွင် အနက်ရောင်အရစ်ပါပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို နီညိုရောင် အမွှေးများ ဖုံးလွှမ်းထားသည်။
အရွယ်ရောက်ကောင် – ဖလံတွင် အဖြူရောင်တောင်ပံများပါသည်။ ရှေ့တောင်ပံများသည် အဖြူရောင်ရှိကာ တောင်ပံတစ်ခုလုံး အညိုစင်းများပါရှိပြီး အတွင်းပိုင်းအနားသားနှင့် ဦးခေါင်းတစ်လျှောက်တွင် အဝါအစင်းများပါသည်။ နောက်တောင်ပံများသည် အဖြူရောင်ရှိကြပြီး အနက်ရောင်အမှတ်အသားများ ပါရှိသည်။
A.Moorei မျိုးစိတ်
* ရှေ့တောင်ပံ – ရှေ့တောင်ပံတစ်ခုလုံးတွင် အညိုရောင်အစင်းများနှင့်အတူ အဖြူရောင်ရှိသည်။ အတွင်းပိုင်းအနားသားနှင့် ဦးခေါင်းတို့တစ်လျှောက်တွင် အနီရောင်သန်းသည့် အစင်းများပါရှိသည်။
ကာကွယ်နှိမ်နင်းခြင်း
• မိုးမကျမီ စိုက်ခင်းကန်သင်းများနှင့် အရိပ်ရနေရာများမှ ရုပ်ဖုံးများကို တူးယူဖျက်ဆီးပါ။
• မိုးကျကျပြီးအချိန်နှင့် မိုးရာသီ မြေပဲစိုက်ပြီးနောက်တွင် ဖလံများကို ဆွဲဆောင်ရန်နှင့် ၎င်းတို့၏ မျိုးဆက်ထွက်ပေါ်လာမှုကိုလည်း သိရှိရန် အလင်းရောင်ထောင်ချောက် ၃-၄ ခုနှင့် မီးပုံရခြင်းကို ပြုလုပ်ပါ။
• ပဲစဉ်းငုံနှင့် ပဲလွန်းတို့ကဲ့သို့သော သီးညှပ်သီးနှံများမှ အငမ်းမရစားသောက်သည့် ပထမလောက်ကောင်အဆင့်များကို ကောက်ယူဖျက်ဆီးပါ။
• သီးနှံစိုက်ဧရိယာမှ ဥမြုံများကို ကောက်ယူဖျက်ဆီးပါ။ ဤဖျက်ပိုးကျရောက်နေသော မြေပဲခင်းတစ်ဝိုက်တွင် အနက် ၃၀ စင်တီမီတာနှင့် အကျယ် ၂၅ စင်တီမီတာရှိပြီး ထောင့်မတ်ကျသော ကတုတ်ကျင်းတူးခြင်းဖြင့် လောက်ကောင်ဝင်ရောက်ခြင်းကို ရှောင်ရှားပါ။
• အောက်ပါပိုးသတ်ဆေးကို ပိုးသတ်ဆေးဗူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
– ဒိုင်ကလိုဗော့စ် (Dichlorvos)
ဒေါက်တာကိုကို
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်