ဆန်/စပါးတွေ အားလုံးဈေးတက်ပြီး ပဲအများစုလည်း ဈေးတက်တဲ့ ရက်သတ္တပတ်

26/02/2022 15:00 PM တွင် AMIA AMIA မှ ရေးသား

အခုတစ်ပတ်အတွင်းမှာတော့ ဆန်ချောတွေကော ဆန်ကြမ်းတွေပါ ဈေးတက်လာပြီး ပဲအများစုလည်း ဈေးတက်လာတာ တွေ့ရပါတယ်။ ဆက်လက်ဈေးတက်ဦးမယ့် အလားအလာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ဆန်/စပါး

ဆန်စပါးကတော့  ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်နေခဲ့ပါတယ်။ ပြည်တွင်းဝယ်ယူမှု များပြားတဲ့အပြင် မိုးစပါး လျော့နည်းလာတဲ့အတွက်ကြောင့် ဈေးတက်နေတယ်လို့သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ဆန်ကောင်းမှ ဈေးကောင်းရတဲ့အခြေအနေဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာလည်း ရန်ကုန်ဝယ်လက်များရှိနေပြီး စပါးလက်ကျန်မရှိတော့ဘူးလို့ သိရပါတယ်။

မတ်ပဲ

ပြီးခဲ့တဲ့အပတ်က မတ်ပဲက ဈေးအနည်းငယ်မြင့်တက်လာခဲ့ပေမယ့် အကျဈေးနဲ့ပဲ တစ်ပတ်အတွင်း  အတက် အကျရှိနေတာဖြစ်လို့ လတ်တလော မတ်ပဲဈေးက ဆက်ပြီး တက်နိုင် မတက်နိုင်ကတော့ ခန့်မှန်းဖို့ ခဲယဉ်းနေပြီး အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားပြည်တွင်း ငွေကြေးလဲလှယ်တဲ့ဈေးနှုန်းပေါ် အများကြီးသက်ရောက်မှု ရှိနိုင်တယ်လို့ ကုန်သည်အချို့ကတော့ ခန့်မှန်းပြောဆိုပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ဈေးအနည်းငယ်တက်လာပါတယ်။ အိန္ဒိယလိုအပ်ချက်ကြောင့် ပြည်တွင်းမှာ ဈေးကျဆင်းပေမယ့် ဈေးထိန်းရောင်းချမှုကြောင့် ဈေးက ပြန်ပြီး တက်လာတာဖြစ်ပါတယ်။

ပြည်တွင်းငွေလဲလှယ်နှုန်းဈေးကလည်း ပြန်မြင့်တက်လာတဲ့အတွက်ကြောင့် လည်း ဈေးက ပြန်ကောင်းလာတာဖြစ်ပြီး ဆက်ပြီး တက်နိုင်ခြေကတော့ ရှိနေတယ်လို့ကုန်သည်အများစုက ဆိုထားပါတယ်။ အိန္ဒိယလိုအပ်ချက်က မြင့်နေပြီး အထွက်နှုန်းလျော့နည်းတယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ပဲစင်းငုံနီ က လာမယ့် ကာလအနည်းငယ်အတွင်းမှာ အမြင့်ဈေး ပြန်ရောက်နိုင်မယ်လို့လည်းယူဆထားပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ဖေဖော်ဝါရီလဆန်းပိုင်း လောက်ထိ ဈေးတွေ ဆက်တိုက်ကျဆင်းခဲ့ပေမယ့် လလယ်လောက်မှာ စပြီး  ဈေးအနည်းငယ်ပြန်တက်လာပါတယ်။ ပြည်တွင်း ဝယ်ယူစားသုံးမှုများလို့ ဈေးတက်နေတယ်လို့သိရပြီး အိန္ဒိယနိုင်ငံအပြင် ဘင်္ဂလားဒေ့နိုင်ငံကပါ ဝယ်ယူမှုတွေရှိနေတယ်လို့သိရပါတယ်။

စားတော်ပဲ

စားတော်ပဲကတော့ ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ ဈေးကွက်ထဲ အသစ်တွေ ဝင်ရောက်လာပြီး ပြည်ပ ကနေတင်သွင်းတဲ့စားတော်ပဲ(ကနေဒါ)ကလည်း ဝင်ရောက်မှု များလာတဲ့အတွက် ဈေးတွေက ကျဆင်းနေတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ စားတော်ပဲလုံးက တစ်ပိဿာကို ၃၈၃၀ ကနေ ၄၀၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၇၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၆၅၀၀၀ ကနေ ၂၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၆၀၀၀၀ ပေါက်ဈေးရှိပြီးဈေးငြိမ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်