ဟင်းစားပဲပုပ် စိုက်ပျိုးနည်း

18/12/2019 11:45 AM တွင် လင်းလင်းထွန်း လင်းလင်းထွန်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဟင်းသီးဟင်းရွက်အဖြစ် စားသုံး၍ရသော ပဲပုပ်တစ်မျိုးသည် ယခုအခါစားသုံးမှု လျင်မြန်စွာတိုးတက်လာပြီး ကိုရီးယား၊ တရုတ်နှင့် ထိုင်ဝမ်နိုင်ငံတို့တွင် စားသုံးမှုများလာသည်။ အစိမ်းရောင်အခွံနှင့် ပဲသီးထောင့်ကို အစာပြေသရေစာအဖြစ် လည်းကောင်း အာဟာရဓာတ်ပြည့်ဝပြီး အရသာရှိသော ဟင်းအဖြစ်လည်းကောင်း ချက်ပြုတ်စားသောက်ကြသည်

အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများရှိ နိုင်ငံများစွာတွင် ပဲပုပ်ကို အစေ့အခြောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခဲ့ကြသည့်အတွက် ဟင်းစားပဲပုပ်ကိုလည်း အဆင့်သင့် လက်ခံစိုက်ပျိုးလာကြခြင်းဖြစ်သည်။

ဟင်းစားပဲပုပ်များသည် ပဲပုပ်အခြောက်အစေ့ထက် အရွယ်ပိုကြီးကာ ချို၍နှုးညံ့မှုရှိသည်။ နိုင်ငံများစွာတွင် စားသုံးကြပါသည်။ ၎င်းပဲပုပ်စိမ်းတွင် လူတို့အတွက် ထူးကဲကောင်းမွန်ပြီး အာဟာရဓာတ်များ ကြွယ်ဝစွာပါရှိပါသည်။ ဗီတာမင်အေ ကြွယ်ဝစွာပါရှိပြီး ကာဘိုဟိုက်ဒြိတ်၊ ပရိုတင်း(အသားဓာတ်)နှင့် သံဓာတ်များ ကောင်းစွာပါရှိသည်။ ၎င်းသည် အခြားပဲများထက် အာဟာရဓာတ်ကြွယ်ဝပါသည်။

ပြည်တွင်းစားသုံးမှုအပြင် ပြည်ပသို့ပို့ရန်အတွက်ပါ အလားအလာရှိသော သီးနှံတစ်ခု ဖြစ်ပါတယ်။ ပြည်ပစျေးကွက်အတွက် လိုအပ်ချက်များမှာ အစေ့အခြောက် ၁၀၀ အလေးချိန်သည် (၃၀ဂရမ်နှင့် အထက်ရှိရမည်။ အစေ့များချက်ပြုတ်လျှင် မြန်ဆန်ရမည်။ အနည်းငယ် ချိုရပါမယ်။ ဂျပန်နှင့် ထိုင်ဝမ်ရှိကုန်တိုက်ကြီးများတွင် အအေးခံဟင်းစားပဲပုပ်များ လူကြိုက်များသည့် အနေအထားတွင်ရှိပါသည်။

ရာသီဥတုနှင့် မြေဆီလွှာလိုအပ်ချက်များ

အပူချိန်နှင့်နေ့တာပေါ်မှုတည်ပြီး ပဲပုပ်စိုက်ပျိုးမည့်အချိန်ကို သတ်မှတ်နိုင်ပါသည်။ နေ့တာတိုကာလတွင် (၁၄)နာရီနှင့်အပူချိန် ၂၀ မှ ၃၀ ဒီဂရီစင်တီဂရိတ်သည် ဟင်းစားပဲပုပ်စိုက်ရန် အသင့်တော်ဆုံး ပတ်ဝန်းကျင်အနေအထားဖြစ်ပါတယ်။ သို့သော် ဆောင်းရာသီအေးသောကာလတွင် ၎င်းပဲပုပ်ကို မစိုက်သင့်ပါ။

မြေအချဉ်အငန်ဓာတ် မှ . ရှိနုန်းမြေသည် ဟင်းစားပဲပုပ်စိုက်ရန် သင့်တော်ပြီး စိုက်ခင်းမြေ၌ ရေနုတ်မြောင်းကောင်းမွန်ရပါမည်။

အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းကောင်းသော ဟင်းစားပဲပုပ်ရရှိရန်စိုက်ပျိုးနည်း

မြေပြုပြင်ခြင်း

ထယ်ရေးပြင်ခြင်းဖြင့်မြေသားမွလာကာ အစေ့အပင်ပေါက်ကောင်းခြင်း၊ လေဝင်လေထွက်၊ ရေစီးရေလာကောင်းစေခြင်းဖြင့် အပင်ကျန်းမာသန်စွမ်းစေပါတယ်။ ထို့အပြင် အပင်မှအာဟာရဓာတ်များ၊ အစိုဓာတ်၊ အလင်းရောင်တို့ကို ယှဉ်ပြိုင်ရယူသော ပေါင်းပင်များကိုလည်း သေစေပါတယ်။

သီးနှံအထွက်နှုန်းကောင်းရန်နှင့် မြေကြီးအာဟာရဓာတ်ကို ထိန်းထားရန် နိုက်ထရိုဂျင် -၁၀ ကီလိုဂရမ်နှုန်း၊ ဖော့စ်စဖောရပ် ၂၄ ကီလိုဂရမ်နှုန်းနှင့် ပိုတက်စီယမ် ၃၂ ကီလိုဂရမ်နှုန်းဖြင့် မြေတစ်ဧကအတွက် မြေသြဇာကို ရောစပ်၍မြေခံအဖြစ် ကြဲပက်ထည့်ပေးနိုင်ပါတယ်။

မျိုးစေ့ဆေးစီရင်ခြင်းနှင့် မျိုးစေ့ချခြင်း

ပဲမျိုးတစ်မျိုးမျိုး စိုက်ပျိုးခဲ့သောမြေတွင် မျိုးစေ့များကို ရိုင်ဇိုဘီယမ်မြေသြဇာဖြင့် လူးနယ်ပေးရန်မလိုပါ။ သို့သော် စိုက်ခင်းအသစ်ဖြစ်ပါက ပဲပုပ်စေ့ တစ်ကီလိုဂရမ်လျှင် ၎င်းမြေသြဇာ ၁၀၀ နှုန်းဖြင့် လူးနယ်ပေးရပါမယ်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ပဲပင်အမြစ်ဖုများတိုးပွားလာပြီး နိုက်ထရိုဂျင်စုပ်ယူခြင်း ပိုမိုဖြစ်စေပါတယ်။ ထို့ပြင် မြေဆောင်မှိုရောဂါများကိုကာကွယ်နိုင်ရန် သို့မဟုတ် သီရမ်မှိုသတ်ဆေးဖြင့်လည်း မျိုးစေ့များကို ဆေးစီရင်ပေးနိုင်ပါသည်။

စိုက်တန်းတစ်တန်းနှင့် တစ်တန်းအကြား တစ်ပေခွဲခြားပြီး မျိုးစေ့အရွယ်နှင့် စိုက်သောရာသီပေါ်မှုတည်၍ နှစ်လက်မ - လေးလက်မ ကွာခြား၍စိုက်နိုင်ပါသည်။ စိုက်ကျင်းတစ်ကျင်းလျှင် နှစ်စေ့ သုံးစေ့ ထည့်စိုက်ပါ။

မြေသြဇာကျွေးခြင်း

ပထမအကြိမ် မြေသြဇာကိုတစ်ဧကလျှင် နိုက်ဂရိုဂျင် ၉ ကီလိုဂရမ်နှင့် ပိုတက် ၁၀ ကီလိုဂရမ်နှုန်း ပန်းပွင့်ချိန်၌ ထည့်ပေးခြင်းဖြင့် အသီးတောင့်များစွာတင်စေပါသည်။

ရေသွင်းခြင်း

အသီးတောင့်များရစေရန် စိုက်ပျိုးရာသီတစ်လျှောက် မြေအစိုဓာတ်သင့်တင့်စွာရရှိရန် အရေးကြီးပါတယ်။ မြေကြီးအစိုဓာတ်၊ ရာသီဥတုအနေအထားအရ ၁၀ ရက် နှင့် ၁၅ ရက်ခြား တစ်ကြိမ်အသီးတောင့်များကြီးလာသည့် အချိန်ထိရေပေးရပါမည်။ အထူးသဖြင့် ပန်းပွင့်ချိန်နှင့် အစေ့အဆန်ဖြည့်ချိန်ကို အဓိကထား၍ အပင်ရေရရှိရန်လိုအပ်ပါတယ်။

ရိတ်သိမ်းခြင်း

အသီးတောင့် ၈၀ ရာခိုင်နှုန်းရင့်မှည့်လာပါက ရိတ်သိမ်းနိုင်ပါသည်။ ရာသီဥတုအခြေအနေ၊ အပူချိန်နှင့် မိုးပေါ်မှုတည်ပြီး အသီးတောင့်အစိမ်းအဖြစ် ဆွတ်ခူးရန်၊ အစေ့အပင်ပေါက်ညီမှသာ ၆၅ ရက်မှ ၇၅ ရက်ခန်တွင် ရိတ်သိမ်းနိုင်ပါသည်။

ထိုင်ဝမ်နိုင်ငံတွင် အသီးအစိမ်းရောင်မပျက်ဘဲ လတ်လတ်ဆတ်ဆတ်ရှိနေရန် ညသန်းခေါင်ယံအချိန် နှင်းကျ၍ အအေးဓာတ်ရှိနေချိန်၌ အများအားဖြင့် ဆွတ်ခူးလေ့ရှိပါသည်။ နေ့အချိန် ရိတ်သိမ်းပါက အပင်များကို အရိပ်အောက် ထားရန်လိုအပ်ပါမည်။

လင်းလင်းထွန်း

Ref; သီးနှံစိုက်ပျိုးနည်းစနစ်များ

 

 

 

 

 

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်