သီရိလင်္ကာနိုင်ငံရေးအကျပ်အတည်း အိန္ဒိယရဲ့ ကုန်သွယ်ရေးကဏ္ဍကိုထိခိုက်

14/07/2022 15:52 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

သီရိလင်္ကာရဲ့နိုင်ငံရေးနဲ့စီးပွားရေးအကျပ်အတည်းကြောင့် အိန္ဒိယဘက်က သကြားနဲ့ ကြက်သွန်တင်ပို့မှုတွေကို ရပ်ဆိုင်းလိုက်ရတာဖြစ်ပါတယ်။

သီရိလင်္ကာရဲ့လစဉ် သကြားစားသုံးမှုဟာ တန် ၄၀၀၀၀ ကနေ ၅၀၀၀၀ ကြားရှိပြီး အဲ့ဒါရဲ့ ၉၀ ရာခိုင်နှုန်းခန့်ကို အိန္ဒိယကနေ တင်သွင်းနေရတာပါ။ စပျစ်နဲ့ ကြက်သွန်တွေတင်ပို့မှုအတွက်လည်း သီရိလင်္ကာဟာ အိန္ဒိယအတွက် အဓိက ဈေးကွက်တစ်ခုဖြစ်ပါတယ်။

သီရိလင်္ကာမှာ စီးပွားရေးအကျပ်အတည်းစတင်ချိန်ဖြစ်တဲ့ ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက အိန္ဒိယပို့ကုန်လုပ်ငန်းရှင်အများစုဟာ ကုန်သွယ်ရေးတွေကို ရပ်ဆိုင်းလိုက်ကြတာပါ။

အိန္ဒိယရဲ့ ကမ္ဘာလုံးဆိုင်ရာစိုက်ပျိုးရေးကုန်စည်များကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ချုပ် ရာဟီးရှိတ်ကတော့ အိန္ဒိယမှာ သကြားတင်ပို့စရာ ပိုပိုလျှံလျှံအများကြီးမရှိဘူးလို့ ဆိုပါတယ်။

“ အစိုးရရဲ့ ကန့်သတ်ချက်တွေအရ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ဒီရာသီမှာ ပို့ကုန်အခွင့်အလမ်း ပါးလျားပါတယ်” လို့ ရာဟီးရှိတ်က ဆိုပါတယ်။

အိန္ဒိယဘက်ကနေ သီရိလင်္ကာကို တင်ပို့မှုရပ်လိုက်တဲ့ နောက်ထပ်ကုန်စည်ကတော့ ကြက်သွန်ပါ။ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်တုန်းကတော့ အိန္ဒိယအနေနဲ့ သီရိလင်္ကာဘက်ကို ကြက်သွန်တန်ချိန် ၁.၆၂ သိန်းထိ တင်ပို့ခဲ့တာပါ။

သီရိလင်္ကာမှာ စီးပွားရေးအကျပ်အတည်းကြောင့် ဆန္ဒပြမှုတွေအကြီးအကျယ်ဖြစ်နေပြီး နိုင်ငံကိုလည်း အရေးပေါ်အခြေအနေကြေညာထားရကာ သမ္မတဖြစ်သူ ရာဂျာပက်ကဆာဟာလည်း မော်လဒိုက်ကို ထွက်ပြေးသွားပြီဖြစ်ပါတယ်။

Ref; https://bit.ly/3z1ixDV

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်