အောင်မြင်နေသည့် ဝါးစိုက်ခင်းများကို စနစ်တကျလေ့လာပြီးမှ “ဝါး”စိုက်ပျိုးသင့်

03/07/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အောင်မြင်နေသည့် ဝါးစိုက်ခင်းများကို စနစ်တကျလေ့လာပြီးမှ “ဝါး”စိုက်ပျိုးရန် ဆုံးဖြတ်သင့်ကြောင်း မြန်မာနိုင်ငံ ဝါး စိုက်ပျိုးရေးအသင်းမှ ပြောသည်။

ဝါး ကို စီးပွားဖြစ် မစိုက်ပျိုးခင်မှာ လက်ရှိမှာအောင်မြင်နေတဲ့ ဝါးစိုက်ခင်းတွေကို အရင်ဆုံး သွားလေ့လာပြီးမှ စိုက်သင့် မစိုက်သင့် ဆုံးဖြတ်ပါ။ ဝါးစိုက်ရင်းနဲ့ သစ်တောသစ်ပင် စိုက်ပျိုးရေးနဲ့ပါ တွဲစိုက်နိုင်ရင် ပိုပြီး အောင်မြင်နိုင်ပါတယ်။

ဟု မြန်မာနိုင်ငံ ဝါး စိုက်ပျိုးရေးအသင်းဥက္ကဌ ဦးကျော်ဝင်း က ပြောသည်။

ဝါးပင်ကို မြန်မာနိုင်ငံရှိ နေရာဒေသအနှံ့အပြား၌ တွေ့ရှိနိုင်ပြီး၊ ယခုအခါ စီးပွားဖြစ် ဝါး စိုက်ခင်းများအနေဖြင့် အများအပြား စိုက်ပျိုးလာကြခြင်း ဖြစ်သည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မွန်ပြည်နယ် စတဲ့ သဘာဝ ဝါးတောတွေကနေ မျှစ်တွေ အလွန်ထွက်ရှိနေတာတောင် မျှစ် စျေးကွက် ပျက်သွားတာမျိုး မကြားရဖူးသေးပါဘူး။ အခုဆိုရင် ကုမ္ပဏီတချို့ကနေ ဝယ်ယူမယ့် အာမခံနဲ့ ဝါး စိုက်ခင်းတွေလည်း ပေါ်ထွက်လို့လာပါပြီ။

ဟု ဦးကျော်ဝင်း က ဆက်လက်ပြောသည်။

ဝါးပင် စိုက်ပျိုးရာတွင် အစေ့မှ မျိုးပွားနည်း၊ သဘာ၀အလျောက်ပေါက်ရောက်မှုမှ ပျိုးထောင်မျိုးပွားနည်း၊ ရိုင်ဇုမ်းပါ မြစ်ဆုံဖြင့် မျိုးပွားနည်း၊  ကိုင်းဖြတ်မျိုးပွား နည်း၊ မြေထုပ်စည်း၍ ကိုင်းကူးမျိုးပွားနည်း၊ တစ်သျှူးမျိုးပွားနည်း စသည့် မျိုးပွားနည်း (၆)မျိုးရှိပြီး တို့ရှိကြောင်း ဝါး စိုက်ပျိုးရေးပညာရှင်များထံမှ သိရသည်။

နန်းထက်ထက်ချစ် (ABM)

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်