ဝါးတောများကိုစနစ်တကျစီမံအုပ်ချုပ်ခြင်း (၂)

21/09/2018 14:34 PM တွင် BIF BIF မှ ရေးသား ပြီး BIF BIF မှ ပေးပို့ထားပါသည်။

ဝါးများကိုစနစ်တကျခုတ်ယူရာတွင် အဓိကလိုက်နာဆောင်ရွက်ရမည့်အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ၃ နှစ်ကျော်လွန်သောဝါးများကိုသာခုတ်လှဲထုတ်လုပ်ရမည်။
  • ၂ နှစ်အောက်ဝါးများကို ခုတ်လှဲခြင်းမပြုရပါ။
  • နှစ်ချင်းပေါက်ဝါးများအားလုံး၏ ဝါးရင့်အား ၂၅% ချန်ထားနိုင်ပါက ပိုမိုကောင်းမွန်ပါသည်။
  • ဝါးရုံများအား အပြောင်ခုတ်လှဲခြင်းမပြုရပါ။
  • ဝါးသီးပွင့်ခြင်းဖြစ်ပေါ်ခဲ့ပါက ဝါးရုံများကို အပြောင်ခုတ်လှဲပြီး အကျိုးရှိစွာ ထုတ်ယူသုံးစွဲနိုင်ရန် စီမံရမည်။
  • ဝါးခုတ်ယူရာတွင်မျှစ်စို့ထွက်ရာဆန့်ကျင်ဘက်အရပ်မှစတင်ခုတ်သင့်သည်။
  • အလွန်ကြပ်ညှပ်သောဝါးရုံများကို ပင်ကျပ်နှုတ်ပေး၍ဖယ်ရှားပေးရပါသည်။ ပင်ကျပ်နှုတ်ရာတွင် နှစ်ချင်းပေါက်ဝါးများကိုချန်လှပ်ထားရန်လိုအပ်ပါသည်။ သို့သော်ပိုးမွှားရောဂါ ကျရောက်နေသော နှစ်ချင်းပေါက်ဝါးပင်များကို ရှင်းလင်းဖယ်ရှားသည့်သည်။ သို့မှသာ ဝါးရုံများရောဂါဒဏ်မှ ကာကွယ်ရာရောက်ပါမည်။
  • နှစ်ချင်းပေါက်ဝါးသည် လိမ်ကောက်နေပါကခုတ်ထွင်ဖယ်ရှားပေးရမည်။
  • ဝါးများခုတ်လှဲသည့်အခါ နိမ့်နိုင်သ၍နိမ့်အောင်ခုတ်ရပါမည်။ မြေမျက်နှာပြင်ပေါ် ဝါးတစ်ဆစ်သာချန်သင့်ပါသည်။
  • ဧပြီ နှင့် အောက်တိုဘာလကြားကာလအတွင်း ဝါးခုတ်ယူမှုမပြုရပေ။
  • ဝါးတောဧရိယာအတွင်း စားကျက်ချခြင်းအား လုံးဝတားမြစ်ရမည်။
  • ဝါးစိုက်ခင်းဖြစ်ပါက ဝါးရုံအောက်ခြေပတ်လည်အား မြေဖို့မြေတောင်မြှောက်ပေးခြင်းကို နှစ်စဉ်မိုးမကျမီဆောင်ရွက်ပေးရန်လိုအပ်ပါသည်။

Source - BIF


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်