အထွက်နှုန်းကောင်းသည့် ကန်စွန်းဥမျိုးများ ပြောင်းစိုက်နိုင်ရန် ကွင်းဆင်းပညာပေးမည်

03/01/2019 14:09 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပြည်တွင်း၌ ကစွန်းဥ စိုက်ပျိုးမှု လျော့နည်းကျဆင်းလာသည့်အတွက် အထွက်နှုန်းကောင်းသည့် ကစွန်းဥမျိုး များကို ပြောင်းလဲစိုက်ပျိုးနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှ တောင်သူများအား ကွင်းဆင်းပညာပေးခြင်း များ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။

" ပြည်တွင်းက ထွက်တဲ့ ကန်စွန်းဥတွေက စျေးကွက်မရဘူး၊ အထွက်နှုန်း မရှိဘူး။ တောင်သူတွေက ဥကန်စွန်း ကို ဖိရိုးဖလာမျိုးတွေပဲ စိုက်ပျိုးလာတဲ့အခါမှာ ပြည်ပက တင်သွင်းလာတဲ့ မျိုးတွေက အထွက်နှုန်းအားဖြင့်လည်း သာတယ်။ စျေးကွက်မှာလည်း စျေးရတဲ့အနေအထား မရှိတော့တဲ့အခါ စိုက်ပျိုးတဲ့ကဏ္ဍမှာပါ ကျဆင်းလာတဲ့ အနေအထား ရှိတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညောင်နှစ်ပင်ဥယျာဉ်ခြံမှ ဦးစီးမှူး ဦးအောင်ဌေးက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးတွင် ကန်စွန်းဥ အရည်အသွေးနှင့် အထွက်နှုန်း နည်းပါးလာပြီး စိုက်ပျိုးမှုမှာ လည်း သိသာစွာ လျော့ကျလာသည့်အတွက် တောင်သူများကို စုစည်းကာ နည်းပညာပို့ချမှု သင်တန်းများကို အထွေထွေ သမဝါယမလီမိတက်နှင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ညောင်နှစ်ပင် ဥယျာဉ်ခြံ တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်