၁။ သစ်ဆွေးဓာတ်ထည့်ပြီး ရေထိန်းနိုင်စွမ်းကို မြှင့်တင်ပါ။
- သစ်ဆွေးဓာတ်မြေသြဇာလုပ်ဖို့ အကောင်းဆုံးကတော့ ပဲမျိုးရင်းဝင်ပင်တွေ ဖြစ်ပါတယ်။ပဲမျိုးစုံနဲ့ ပိုက်ဆံလျှော်ကို အသုံးပြုနိုင်ပါတယ်။ သုံးပေကျော်ရင် ထယ်ထိုးပြီး မှောက်ပြီး ၄၅ ရက် အကြာမှာ မြေဆွေး ရရှိနိုင်ပါတယ်။
သစ်ဆွေးဓာတ်ဆိုတာ စျေးကြီးပေးပြီး ဝယ်ယူရတဲ့ ဓာတုမြေသြဇာတွေ မဟုတ်ဘဲ သစ်ရွက်ဆွေး၊ အမှိုက်ဆွေး၊ မြေဆွေး ဘိုကာရှီစတဲ့ သဘာဝ မြေသြဇာတွေထဲမှာ များစွာ ပါဝင်ပါတယ်။ သစ်ဆွေးဓာတ်က မြေကြီးထဲမှာ အပင်အတွက် အာဟာရနဲ့ ရေတွေကို ထိန်းသိမ်းပေးထားတဲ့ သိုလှောင်ရုံတစ်ခုလို လုပ်ဆောင်ပေးပါတယ်။ သစ်ဆွေးဓာတ်ဆိုတာက သစ်ရွက်တွေ အပင်အပိုင်းအစတွေက အဏုဇီဝ ပိုးလေးတွေကြောင့် ဆွေးမြေ့ပြီး ဖြစ်ပေါ်လာတဲ့ အစိတ်အပိုင်းလေးတွေပါ။
၂။ မြေဖုံးပြီး ရေငွေ့ပြန်မှုကို ထိန်းသိမ်းပါ။
-
ပလပ်စတစ်သုံးဖုံးနည်းက ရေကို အတန်အသင့် ထိန်းနိုင်ပြီး ပေါင်းပင်ပေါက်ရောက်မှုကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။
-
အရွက်၊ ရိုးပြတ်တွေနဲ့ ဖုံးတဲ့နည်းကတော့ ပေါင်းပင်ပေါက်ခြင်းကို သက်သာစေတဲ့ အပြင် ရေငွေ့ပြန်မှုကိုပါ လျော့ချပေးပါတယ်။
မြေဖုံးတဲ့ နေရာမှာ ပလပ်စတစ်သုံးဖုံးနိုင်သလို(ဖရဲ၊ သခွားစိုက်တဲ့ သူတွေ သုံးကြပါတယ်) အပင်ရဲ့ အရွက်တွေ၊ ရိုးပြတ်တွေ၊ စက္ကူတွေနဲ့လည်း ဖုံးနိုင်ပါတယ်။
၃။ ပေါင်းပင်များကို ဖယ်ရှားပေးပါ။
မြေကြီးအစိုဓာတ်ကို ထိန်းနိုင်ဖို့ နောက်တစ်နည်းကတော့ ပေါင်းပင်တွေကို ဖယ်ရှားပါ။ အထူးသဖြင့် အမြစ်နက်နက်ဆင်းတဲ့ နှစ်ရှည်ခံ ပေါင်းပင်တွေ ဖြစ်ပါတယ်။ ပေါင်းပင်တွေက ရေတွေစုပ်ယူလေလေ မြေကြီးထဲက အစိုဓာတ်က မြန်မြန်ကုန်လေလေ ဖြစ်တာကြောင့် ပေါင်းပင်တွေကို ဖယ်ရှားဖို့ကလည်း အရေးကြီးပြန်ပါတယ်။
ချင်းပြည်နယ်ရဲ့ မြေအနေအထားဟာ pH ၅-၆ မျှသာ ရှိတဲ့ အတွက် မြေအစိုဓာတ်ကို ထိန်းသိမ်းပေးတဲ့ နည်းလမ်းများကို ကျင့်သုံးသင့်ပါတယ်။
ဥယျာဉ်ခြံမြေသီးနှံအတွက် ပေါင်းကင်းစင်ရမည့် အချိန်ကာလများ
- ပန်းသီးပင်သစ် - မေ၊ ဇွန်
- မုန်လာဉ – အပင်ပေါက်ပြီး (၂ – ၃ ပတ်ကြာ)
- ဂေါ်ဖီထုပ် - အပင်ပေါက်ပြီး (၃ ပတ်ကြာ)
- မုန်လာဥနီ - အပင်ပေါက်ပြီး (၃- ၆ ပတ်ကြာ)
- ဘူး၊ ဖရုံ၊ သခွား၊ ဆွတ်ခူးချိန် - အစေ့ချပြီး (၄ ပတ်ကြာ)
- ဆလပ် - အပင်စိုက်ပြီး (၃ ပတ်ကြာ)
- ကြက်သွန်နီ - သက်တမ်းတစ်ခုလုံး
- အာလူး - အပင်စိုက်ပြီး (၄ ပတ်ကြာ)
- စတော်ဘယ်ရီ ပင်သစ် - မေ၊ ဇွန်
- ခရမ်းချဉ်ပင်သစ် - ရွှေ့ပြောင်းစိုက်ပြီး (၃၆ ရက်ကြာ)
- အစေ့စိုက် ခရမ်းချဉ် - အစေ့ချပြီး (၉ ပတ်ကြာ)
Source - Internews နှင့် စိုက်မွေးဆည် ဝန်ကြီးဌာန
ပိုစတာရယူရန် - http://bit.ly/2AllMJX
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ