စိန်တလုံးသရက် မူဆယ်ဈေးကွက်မှာ အဖွင့်ဈေးကောင်းရနေ

21/04/2020 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းမှာ ရာသီပေါ်သီးနှံအဖြစ် စတင်ထွက်ရှိလာတဲ့ မြန်မာ့စိန်တလုံး သရက်သီးတွေဟာ အဖွင့်ဈေးကောင်းမွန်စွာနဲ့ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေပြီဖြစ်ကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းထံမှ သိရပါတယ်။

တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချဖို့အတွက် မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာလည်း ကောင်းမွန်နေတဲ့အတွက် လက်ရှိ မူဆယ်ဈေးကွက်မှာ စိန်တလုံးသရက်သီးကို ၁၆ ကီလိုဂရမ် တစ်ခြင်းလျှင် (ကားခနှင့် ခြင်းဖိုးမပါ) အသားတင် ပေါက်ဈေး ငွေကျပ် ၂၅,၀၀၀ ဝန်းကျင် ရရှိနေတယ်လို့ သိရပါတယ်။

ယခုလို ဈေးဦးကောင်းတဲ့အချိန်မှာ ဈေးကွက်ထိခိုက်မှု မဖြစ်ပေါ်စေရေးအတွက် အရည်အသွေးပြည့်ဝတဲ့ သရက်သီးတွေကိုသာ တင်ပို့ရောင်းချဖို့လည်း အသင်းမှ ကြေညာချက်ထုတ်ပြန်ထားကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က မြန်မာ့အလင်းသို့ ပြောဆိုပါတယ်။

>လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ကျွန်တော်တို့ရဲ့ သရက် ဈေးကွက်ကို ထိခိုက်မှုမရှိခဲ့ပါဘူး။ လောလောဆယ်မှာ အဖွင့်ဈေးကလည်း ကောင်းပြီး အထွက်နှုန်းကလည်း သင့်တင့်တဲ့အပြင် တင်ပို့တဲ့ လမ်းကြောင်းကလည်း အဆင်ပြေနေတဲ့အတွက် အခုလို ဈေးဦးပေါက် ကောင်းနေတဲ့အချိန်မှာ မရင့်သေးတဲ့ အသီးတွေရောပြီး ထည့်ရောင်းလို့ ဈေးနှိမ်ဝယ်ယူပြီး ဈေးကွက်ပျက်သွားမှာကို စိုးရိမ်ပါတယ်

လို့ ၎င်းက ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ဈေးကွက်ကို ထိခိုက်မှုမရှိပေမယ့် သရက်သီး အိတ်စွပ်ရန် အတွက် သရက်ခြံများရှိရာ ကျေးရွာတွေကို အလုပ်သမား ဝင်ရောက်ရန် အခက်အခဲတွေ ရှိနေသလို သရက်သီးမှ အနှစ်ထုတ်လုပ်မယ့် ပြည်တွင်းကုမ္ပဏီတွေ အနေနဲ့လည်း လုပ်သားခက်ခဲမှု ပြဿနာတွေ ရှိနေတယ်လို့ သိထားရပါတယ်။

Pissaya_Info

Source: myanmaalinn

ယခုသတင်းက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်  အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်