ငရုတ်မှာ ရောဂါတွေအပြင် ပိုးမွှားတွေကလဲ ဆိုးဆိုးရွားရွားဖျက်ဆီးတတ်ပါတယ်။ ပိုးတွေအများကြီးထဲကမှ အထွက်နှုန်း တစ်ဝက်လောက်အထိ ထိခိုက်အောင်ဖျက်ဆီးနိုင်တဲ့ လှေးပိုးအကြောင်းကို အနည်းငယ်မျှဝေပေးချင်ပါတယ်ဗျ။
လှေးပိုးဆိုတာ ဘယ်လိုကောင်လေးလဲ?
- အကောင်ကြီးအဆင့်က ဝါညိုရောင်သေးသေးရှည်ရှည်ဖြစ်ပြီးချွန်ထက်တဲ့ တောင်ပံတွေနဲ့ပါ။
- သားလောင်းကောင်အဆင့်ကလဲ အကောင်ကြီးနဲ့ပုံသဏ္ဍန်တူပြီး အရွယ်အစားပဲသေးသွားတာပါ။ ဒါမဲ့ သူ့မှာ ကောက်ရိုးရောင်ရှိပြီး အတောင်တွေကတော့ မဖွံ့ဖြိုးသေးပါဘူး။
ဘယ်လိုဖျက်ဆီးကြတာလဲ?
- အကောင်ကြီးရော၊ သားလောင်းကောင်ရော နှစ်မျိုးလုံးက ငရုတ်ပင်ရဲ့ အညွှန့်၊ အဖူးတွေကြားမှာ နေထိုင်ပြီး စားသောက်လေ့ရှိပါတယ်။
- အရွက်တွေရဲ့ တစ်ရှူးတွေနဲ့ ပင်ရည်တွေကိုလဲ စုပ်စားကာ ဖျက်ဆီးကြပါတယ်။
လှေးပိုး ကျရောက်ဖျက်ဆီးရင် ဘယ်လိုလက္ခဏာတွေပြသလဲ?
- လှေပုံစံ အရွက်တွေ အပေါ်ကို လိပ်လာပါမယ်။
- အရွက်ရဲ့ ရိုးတံတွေရှည်လာပြီး အပင်ကြီးထွားမှာ ရပ်တန့်သွားမယ်။
- ငရုတ်သီးတွေမှာ ငွေမှင်ရောင်အစင်းကြောင်းတွေပေါ်ပြီး အသီးတွေ ပုံပျက်နေမယ်။
- အသီးတွေကွေးလိမ်ပြီး အရွယ်အစားသေးလာမယ် ။
- အသီးအပွင့်တွေ ကြွေကျနေမယ်။
အဲ့လို ပုံစံတွေ ဖြစ်နေရင်တော့ သေချာပါပြီ ဦးကြီးတို့ရဲ့ ငရုတ်တွေမှာ လှေးပိုးကျရောက်နေပါပြီ။
ဒါဆို ဘယ်လိုကာကွယ်နှိမ်နင်းကြမလဲ?
- ကြိုတင်ကာကွယ် ခြင်းအနေနဲ့ အရင်နှစ်ကလှေးပိုးကျထားတဲ့အခင်းမှာ ငရုတ်မစိုက်ဘဲ အခြားသီးနှံစိုက်ပေးပါ။
- ပိုးကျနေတဲ့အရွက်တွေကို ခူးပစ်ပါ။ဆိုးဆိုးဖျက်ဆီးခံနေရတဲ့ အပင်တွေဆို နှုတ်ပစ်ပါ။
- ပေါင်းမြက်များကို ရှင်းလင်းပါ။
- ငရုတ်ကို ကြက်သွန်နီနှင့် ရောမစိုက်ပါနဲ့ နှစ်မျိုးစလုံးက လှေးပိုးကြိုက်တဲ့သီးနှံတွေမို့ပါ။
- တမာပိုးသတ်ဆေး ဖျန်းပေးလို့ရပါတယ်။
- ပိုးသတ်ဆေး အုပ်စုတူတာတွေကို ဆက်တိုက်ဖျန်းတာမျိုးရှောင်ပါ။
- ဓာတုပိုးသတ်ဆေးကို မဖြစ်မနေသုံးရမယ်ဆိုရင် ကာဘိုဖြူရမ် (3g) ,မာလာသီယွန် စသောဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်း စနစ်တကျ ဖျန်းပေးပါ။
ထွန်းရာဇာ
Ref; http://agropedia.iitk.ac.in/content/chilli-thrip
http://agritech.tnau.ac.in/crop_protection/chilli/chilli_1.html
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်