အပြောများတဲ့ Fusarium မှိုရောဂါကို ဒီနည်းလေးတွေသုံးပြီး အမြစ်ဖြုတ်ကြည့်ရအောင်

06/02/2020 11:30 AM တွင် ပြည့်ဖြိုးသော် ပြည့်ဖြိုးသော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စာရေးသူဒီတစ်ခေါက် ရေးသားတင်ပြချင်တာက ရွက်ခြောက်ရောဂါလို့ လူသိများကြတဲ့ Fusariumရောဂါအကြောင်းပါ၊ အဖြစ်များတဲ့ အပင်တွေကတော့ ခရမ်းချဉ်၊ ခရမ်းသီး၊ ငရုတ် စတဲ့ Solanum အုပ်စု၀င်တွေနဲ့ ငှက်ပျော၊အာလူးစတဲ့ အပင်တွေမှာ ကျရောက်မှုအများဆုံးဖြစ်တာကိုတွေ့ရှိရတာဖြစ်တယ်။ဟိုတစ်လောက ခရမ်းချဉ်စိုက်တောင်သူတစ်ဦးနဲ့ ဆွေးနွေးမိရာကနေဒီဆောင်းပါးလေးအကျဥ်းချုပ်ရေးဖို့ အကြောင်းဖန်လာခြင်းဖြစ်ပါတယ်။
အများစု ကြုံတွေနေကြတဲ့ ရွက်ခြောက်ရောဂါဟာ မြေဆောင်ရောဂါကနေအပင်ဆီသို့ ထိခိုက်တဲ့ ရောဂါဖြစ်ပါတယ် ၊ဖြူစေယီယမ် အောက်စဖိုရမ် လို့ခေါ်တဲ့ ‌မှိုတစ်မျိုးဟာ ဒီရောဂါကို အဓိက ဖြစ်ပွားစေခြင်းဖြစ်ပါတယ်။ အပင်ရဲ့ ရေသောက်မြစ်နှင့်အတူ lateral rooting zone (ဘေးတက်မြစ်)တွေအထိပါ ရောဂါ၀င်ရောက်တာဖြစ်ပြီး အမြစ်မှတစ်ဆင့် အပင်ရဲ့ အစာကြောနဲ့ ရေကြောတွေကို ပိတ်ဆို့ဖျက်ဆီးလိုက်ခြင်းကြောင့် အစာချက်တဲ့အစိတ်ပိုင်းတွေဖြစ်တဲ့ အရွက်တွေမှာ ညှိုးနွမ်းခြောက်သွေ့ရခြင်းပဲ ဖြစ်ပါတယ်။အမြစ်ကစဖြစ်‌တဲ့အတွက် ရေလောင်းသမျှလဲမစုပ်နိူင်တော့ဘူးပေါ့။
ရောဂါလက္ခဏာအကျဉ်း
အောက်ခြေရွက်များ တစ်ဖြည်းဖြည်းချင်း အဝါရောင်သန်းလာပြီး ခြောက်သွေ့လာပါတယ် ၊အဟာရ ချို့တဲ့လို့ခြောက်သွေ့တဲ့ လက္ခဏာနဲ့ တူပါတယ်၊ ဒါပေမယ့် အဟာရ ချို့တဲ့ လာရင် အပင်တစ်ပင်လုံး အတိုင်းအတာကို ညှိုးနွမ်းစေခြင်းဖြစ်တာဖြစ်ပြီး ၊ ဖြူစေယီရမ် ကြောင့်ဖြစ်တဲ့လက္ခဏာ အများစုကတော့ ကွက်ပြီးခြောက်တတ်တာ အဖြစ်များပါတယ်။ရောဂါအခြေအနေဆိုးလာရင် တစ်ပင်လုံးခြောက်ပြီးသေသွားတတ်ပါတယ်။
ရောဂါပျံ့နှံ့ပုံ
၎င်းမှိုမျိုးရင်းများဟာ ကမ္ဘာအနှံ့အပြားရှိ စိုက်ပျိုးမြေများမှာ ရှင်သန်နေထိုင်ကြပြီးတော့ အပူချိန် (၈၀)ဒီဂရီဖာရင်ဟိုက်နဲ့အထက် စိုထိုင်းဆ အရမ်းနိမ့်တဲ့အချိန်တွေမှာ အများအပြားမျိုးပွားနိူင်ပါတယ်၊ အဓိက ပျံ့နှံ့လွယ်တာကတော့ စိုက်ခင်းရေ၊ စိုက်ပျိုးရေးသုံးပစ္စည်း (ရောဂါကျတဲ့အပင်တစ်ပင်ကိုတူးဆွမိတဲ့ ဒဏ်ရာကနေ အခြားအပင်ကို ထိခိုက်မိတဲ့အခါမှာ ကူးပါတယ်၊ ဥပမာ ကိုင်းဖြတ်ကတ်ကြေး၊ပေါက်တူးစသည်ဖြင့်) ၊ လေဖြင့်ကတော့ အနည်းငယ်သာပျံ့နှံ့နိုင်ပါတယ်။
ဒီနည်းလမ်းတွေလုပ်ကြည့်ပါ
၁။ ရောဂါဒဏ်ခံနိူင်တဲ့မျိုးတွေရွေးချယ်စိုက်မယ်
၂။ရောဂါကျတဲ့ ကိုင်းကို ဖြတ်ထုတ်ပစ်မယ်( ဖြတ်ထုတ်ပြီးတိုင်း တခြားသောအသုံးပြုမှုမစတင်မှီ ရေပြန်ဆေးဖို့တော့ သတိရပါ)
၃။အင်းဆက်ကနေလဲ ကူးဆက်ိုနိုင်တဲ့အတွက် စိုက်ခင်းမှာလတ်တလောကျတဲ့ အင်းဆက်ပါနှိမ်နင်းဖို့သတိရပါ၊ ကျတတ်တဲ့အကောင်တွေကတော့ Cucumber beetleကျတတ်ပါတယ်
၄။နိုက်ထရိုဂျင်ပမာဏများတဲ့ မြေဩဇာတွေဟာ ရောဂါကျဖို့ ပိုပြီးအားပေးတဲ့အတွက် ဥယျာဉ်ခြံစိုက်သူ‌ဖြစ်ခဲ့မယ်ဆိုရင် သဘာ၀မြေဩဇာကို အဲ့အချိန်မှာပြောင်းသုံးသင့်ပါတယ်။
၅။ပေါင်းပင်တွေဟာ ရောဂါခိုကပ်ပါးပြုနိူင်ဖို့ အလားအလာအများဆုံးဖြစ်လို့ ပေါင်းရှင်းဖို့ပါ လိုအပ်ပါတယ်။
၆။မြေဆောင်ရောဂါ မကြာခဏကျတတ်တဲ့ မြေဖြစ်နေခဲ့မယ်ဆိုရင်တော့ မြေလှပ်ထားဖို့ လိုမှာဖြစ်ပြီး ၊မြေအောင်းပိုးသတ်ဆေးကို စနစ်တကျသုံးစွဲဖို့ အကြံပြုချင်ပါတယ်၊ မြေအောင်းပိုးမွှားရောဂါတွေကင်းစင်သွားအောင် အချိန်သက်သက်ပေးပြီး soil solarization လုပ်ဖို့ လိုပါမယ် ။အဲ့အကြောင်းကို စာရေးသူရဲ့နောက်ဆောင်းပါးတစ်ခုမှာ အကျယ်တစ်၀င့်ဖေါ်ပြပြီး ရေးသားပေးသွားပါ့မယ်။
ပိုးကျတိုင်းမိမိက ဆေး၀ယ်ဖြန်းနေသူတစ်ဦး ဖြစ်နေပြီလား၊ ဓာတုပိုးသတ်ဆေးဟာ မတတ်သာမှ သုံးတာအကောင်းဆုံးပါနော် ၊
ကဲအပေါ်မှာဖေါ်ပြခဲ့တဲ့ နည်းလမ်းတွေကိုပဲ မေ့နေရင် စမ်းကြည့်လိုက်ပါအုံး။
Reference
https://en.m.wikipedia.org/wiki/Fusarium_wilt
ပြည့်ဖြိုးသော်
B.Agr.Sc (Soil and Water Science)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်