ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းအခြေအနေ

27/05/2018 22:05 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၇-၅-၂၀၁၈ ည(၈:၂၄)နာရီ။

(၁) မြေပြင်မိုးလေဝသအခြေအနေ မြေပုံတိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါတယ်။

(၂) မိုးလေဝသဂြိုဟ်တု တိမ်ပုံတိုင်းတာချက်အရ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေသော နေရာတွင် ကျစ်လစ်သိပ်သည်းသော တိမ်တိုက်တစ်ခု ဖြစ်ပေါ်လာနေပြီး ဘေးပတ်ဝန်းကျင်မှတိမ်စုများကလည်း တဖြည်းဖြည်း ခရုပတ်တိမ်များ (Spiral cloud bands) အဖြစ် ပြောင်းလဲလာနေပါတယ်။

(၃) မြေပြင်အထက်ပေ(၃၀)အမြင့် လေတိုက်ခတ်မှုအခြေအနေအရ (၂၇-၅-၂၀၁၇)ရက် ည(၈)နာရီအချိန်တွင် လေတိုက်နှုန်းများ တဖြည်းဖြည်းပိုမိုမြင့်မားလာနေတာကိုတွေ့ကြရပါတယ်။ 

(၄) နောက်(၄၈)နာရီအတွင်းမုန်တိုင်းဖြစ်ဖို့(%)တွက်ချက်မှုအရ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းဖြစ်ဖို့ ၁၄% မှ ၁၆% ခန့်ရှိနေပါတယ်။ 

(၅) ဘင်္ဂလားပင်လယ်အော်အတွင်းမုန်တိုင်းသန္ဓေသားစတင်ဖြစ်ပေါ်ရန်အလားအလာ GPP(GENESIS POTENTIAL PARAMETER) တန်ဖိုးမှာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် 25 TO 30 အထိတိုးလာနေပါတယ်။ 

ဒေါက်တာထွန်းလွင်

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်