ပဲဈေးအကျကြမ်း၊ ဆန်ကြမ်းဈေးလည်းကျတဲ့ သီးနှံဈေးနှုန်းတွေနဲ့ ရှေ့အလားအလာ (၇.၂.၂၀၂၂ - ၁၁.၂.၂၀၂၂)

12/02/2022 11:59 AM တွင် AMIA AMIA မှ ရေးသား

weekly crop prices

ဆန်

ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးတွေ အပြောင်းအလဲ ရှိပါတယ်။ ဆန်ချော အများစု ဈေးက တက်လာပြီး ဆန်ကြမ်းအချို့ကတော့ ဈေးကျဆင်းသွားပါတယ်။ 

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာ တစ်တန်ကို ၁၂ သိန်းအောက်ထိ ဈေးကျသွားလို့ အကျကြမ်းခဲ့ပါတယ်။ 

ပဲစင်းငုံနီ

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးကျဆင်းသွားပြီး တစ်တန်ကို ၁၃ သိန်းအောက်ရောက်ရှိသွားပါတယ်။ ပြည်တွင်းလက်ကျန်က ပြီးခဲ့တဲ့ နှစ်ကတည်းက လျော့နည်းနေတာ ဖြစ်လို့ ဝယ်ယူမှုရှိနေပေမယ့် ပဲသစ်တွေ ဆက် တိုက် ဝင်ရောက်နေခဲ့ပြီး ဈေးချဝယ်ယူမှုကြောင့် ဈေးက ကျဆင်းနေခဲ့တာဖြစ်ပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဈေးဆက်တိုက်ကျဆင်းနေပါတယ်။ 

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ အနည်းငယ်ပြန်တက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်ကအထိ ဆက်တိုက် အနိမ့် ဈေးနဲ့ရှိနေခဲ့တာဖြစ်ပေမယ့် အဝင်နည်းနေလို့ဈေးအနည်းငယ် ပြန်တက်လာတာပါ။

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်