ဆည်မြောင်းချောင်းကန် အသင့်အမှန်ဖြိုးဖို့...မိုး

24/09/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    ECMWF/MME တို့ရဲ့ ၂၈ ရက် ခန့်မှန်းချက်တွေ ထွက်ရှိလာခဲ့ရာမှာတော့ မြန်မာနိုင်ငံမှာ ၂၀၂၀ အောက်တိုဘာလ ၂၂ ရက်နေ့အထိ မိုးတွေရွာနိုင်သေးတယ်လို့ ခန့်မှန်းပေးထားကြပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အတွင်း ကချင်ပြည်နယ်မှာ မိုးများစွာပိုနိုင်ပြီး အောက်တိုဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အတွင်း ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းအထက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတွေ မိုးရွာသွန်းမြဲထက် ပိုနိုင်တယ်လို့ဆိုပါတယ်။

    အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်းမှာတော့ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊  စစ်ကိုင်းတိုင်းတွေ ရွာသွန်းမြဲထက်ပိုဖွယ်ရှိပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း ကယားပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်းတွေ ရွာသွန်းမြဲထက်ပိုနိုင်ပြီး ကျန်ဒေသတွေမှာလည်း မိုးရရှိနိုင်ပါတယ်။

ဆည်ရေတိုး စိုက်ပျိုးဖြစ်ထွန်းကြပါစေ...

Su SuSan

၂၄/၀၉/၂၀၂၀ နံနက် ၁၁ နာရီ ၄၈ မိနစ် 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်