စပါးမျိုးစေ့ဖွံ့ဖြိုးရေး ဂျာမဏီနှင့် သဘောတူ လက်မှတ်ရေးထိုး

21/08/2018 10:25 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးမျိုးစေ့ စိုက်ပျိုးရေး စီမံကိန်းကို ပူးပေါင်းဆောင်ရွက်ရန် ဂျာမနီ အခြေစိုက် ( Welt Hunger Hilfe) WHH နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ Parter Agreement သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ထံမှ သိရသည်။

WHH နှင့်မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ကြား မျိုးစေ့ဖွံ့ဖြိုးရေးစီမံကိန်းတွင် လိုအပ်သည့်နည်းပညာနှင့် မျိုးကောင်းမျိုးစေ့များ ထောက်ပံ့နိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက်ရန် သြဂုတ်လ ၁၇ ရက်နေ့က WHH rS Senior Seed Business Advisor Mr.Andreas Graf နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဌ ဒေါက်တာမျိုးအောင်ကျော်တို့ နားလည်မှု စာခွျန်စွာ (MOU) လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါသည်။

"မျိုစေ့ထုတ်မည့်သူတွေအတွက် အန်ကယ်တို့က ထုတ်လုပ်မှုနည်းပညာ စာအုပ်လုပ်ပေးရမယ်။ စျေးကွက်အပိုင်းမှာ ဆန်စပါးအသင်းချုပ်က ဆက်စပ်မှုရှိတဲ့အတွက် စျေးကွက်ချိတ်ဆက်ပေးဖို့တွေ ဟောပြောပွဲတွေလုပ်ဖို့ ဒါတွေကို WHH နဲ့ ဆန်စပါးအသင်းချုပ် ပူးပေါင်းဆောင်ရွက်မှာပါ" မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဌ ဒေါက်တာ မျိုးအောင်ကျော်က ပြောကြားသည်။

ဆက်လက်ဖတ်ရှု့ရန်.............


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်