ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ငါးနှစ်အတွင်း တန်ချိန်တစ်သန်း တင်ပို့ရောင်းချနိုင်ရန် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ဆန်ဝယ်ယူမှု သဘောတူစာချွန်လွှာကို ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့က နေပြည်တော် Hilton ဟိုတယ်၌ စက်တင်ဘာ ၇ ရက်က နှစ်နိုင်ငံ အစိုးရချင်း (G to G) ရေးထိုးခဲ့ခြင်းဖြစ်သည်။
ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက “အခုလို သဘောတူညီမှု ရရှိနိုင်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မြန်မာဆန်ကုန်သည်တွေ ဘင်္ဂလားဒေ့ရှ် သွားပြီးတော့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပေါ့။ သူတို့ဘက်က အဓိက ဆန်ဖြူကို ဝယ်ယူကို ဝယ်ယူမှာပါ။ ပို့တာကတော့ ကုန်သည်တွေကပဲ စျေးနှုန်းညှို့နိုင်းပြီး တင်ပို့ရမှာပါ။” ဟု ပြောသည်။
အဆိုပါ ဆန်တန်ချိန် တစ်သန်းထံမှ ဆန်တန်ချိန် နှစ်သိန်းခွဲနှင့် ပေါင်းဆန် တန်ချိန် နှစ်သောင်းအပါအဝင် တန်ချိန် သုံးသိန်းကို ယခုနှစ် အောက်တိုဘာလ နှင့် နိုဝင်ဘာလများတွင် ဦးစွာ တင်ပို့ပေးရမည်ဖြစ်ပြီး ငါးနှစ်အတွင်း ဆန်တန်ချိန်တစ်သန်း တင်ပို့နိုင်ရေးကို ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ရေးထိုးထားသည့် သဘောတူ စာချုပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဆန်ကွဲ ၁၀ ရာခိုင်နှုန်းသာ ပါဝင်သော ဆန်များ ဝယ်ယူနိုင်ရေးနှင့် သုံးလအတွင်း တင်ပို့ရောင်းချရေး သဘောတူချက်များ ပါဝင်သကဲ့သို့ မြန်မာဘက်မှ ရောင်းချမည့် ဆန်စျေးနှုန်းကိုလည်း ကမ္ဘာ့ပေါက်စျေးထက် မနိမ့်သော စျေးနှုန်းဖြင့် ဝယ်ယူသွားမည်ဟု ပါရှိကြောင့်း သိရသည်။
တရုတ်နိုင်ငံကို အားထားနေရသည့် မြန်မာ့ ဆန်စပါးစျေးကွက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် ဥရောပ စျေးကွက်များသို့ တိုးချဲ့လာနိုင်သည့်အတွက် ရေရှည်တွင် ခိုင်မာသည့် စျေးကွက်များသို့ တိုးချဲ့လာနိုင်သည့် စျေးကွက်ဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချူပ် ဒုတိယဥက္ကဠ ဒေါက်တာစိုးထွန်းက ပြောကြားသည်။
“ရောင်းချမယ့်စျေးနှုန်းတော့ မသတ်မှတ်ရသေးပါဘူး။ ဒီလိုစျေးကွက်ရထားတာ အခွင့်အရေး တစ်ရပ်ပါ။ ပုဂ္ဂလိက ဆန်ကုန်သည်တွေပဲ ချိတ်ဆက်ပို့မှာ ဖြစ်ပါတယ်” ဟု ဒေါက်တာစိုးထွန်းက ဆက်လက်ပြောကြားသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံလုံး၌ စပါးစိုက်ပျိုးမှုမှာ မိုးစပါး ၁၅ သန်းခန့် ရှိပြီး နွေစပါး နှစ်သန်းခန့်ရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ ဇာလင်းသူ(AMIA)
မြန်မာ့အလင်းသတင်းစာမှ ပြန်လည်ကူးယူဖော်ပြထားပါသည်။
East West Seed Myanmar ကြော်ငြာ
မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ