၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်အတွင်း မိုးလေဝသ အခြေအနေအကျဉ်းချုပ်နှင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (ပထမ)ဆယ်ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

02/02/2018 13:17 PM တွင် မိုးဇလ မိုးဇလ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (တတိယ) ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေဝသ အခြေအနေများပေါ် မူတည်၍ စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသ အချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါ အတိုင်းဆန်းစစ် ဖော်ပြအပ်ပါသည်။

ဘင်္ဂလား ပင်လယ်အော် အခြေအနေ

ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ-ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာခဲ့ပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်းဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းခဲ့ပါသည်။

မိုးရွာသွန်းမှု အခြေအနေ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (တတိယ) ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှု အခြေအနေများမှာ-မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက် လျော့နည်းခဲ့ကာ၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်၏ပျမ်းမျှမိုးရေချိန်ထက်ပိုခဲ့ပါသည်။

မိုးရွာရက်များ အနေဖြင့် - တနင်္သာရီတိုင်းဒေသကြီးတွင် (၁) ရက်ခန့် မိုးရွာသွန်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းခြင်း မရှိခဲ့ပါ။

အမြင့််ဆုံးအပူချိန် အခြေအနေ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ - ဧရာဝတီ တိုင်းဒေသကြီးတွင် ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှ အမြင့်ဆုံးအပူချိန်တို့ခန့်သာ ရှိခဲ့ပြီး ရခိုင်ပြည်နယ်တွင်(၃) ဒီဂရီဖာရင်ဟိုက်ခန့်၊ ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန်တို့ အောက် လျော့နည်းခဲ့ကာ၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် (၂)ဒီဂရီဖာရင်ဟိုက်မှ (၃) ဒီဂရီဖာရင်ဟိုက်အထိ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင်(၄)ဒီဂရီဖာရင်ဟိုက်မှ (၆) ဒီဂရီဖာရင်ဟိုက်အထိနှင့် ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၇)ဒီဂရီဖာရင်ဟိုက်အထိ ဇန်နဝါရီလ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန် တို့ထက် ပိုခဲ့ပါသည်။

အနိမ့်ဆုံးအပူချိန် အခြေအနေ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (တတိယ)ဆယ်ရက်ပတ်အတွင်း(ညအပူချိန်)အခြေအနေများမှာ-ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)တွင် (၁) ဒီဂရီ ဖာရင်ဟိုက်ခန့်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (၃) ဒီဂရီဖာရင်ဟိုက်မှ (၅) ဒီဂရီဖာရင်ဟိုက်အထိ၊ ရခိုင်ပြည်နယ်တွင် (၁၀) ဒီဂရီ ဖာရင်ဟိုက်ခန့်နှင့် ချင်းပြည်နယ်တွင် (၁၃) ဒီဂရီဖာရင်ဟိုက်ခန့် ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ် ပျမ်းမျှအနိမ့်ဆုံးအပူချိန်တို့အောက်လျော့နည်းခဲ့ကာ၊ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် (၁) ဒီဂရီဖာရင်ဟိုက်မှ (၃) ဒီဂရီဖာရင်ဟိုက်အထိနှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် (၇) ဒီဂရီဖာရင်ဟိုက်စီ ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန်တို့ထက် ပိုခဲ့ပါသည်။ 

လေထုအတွင်းရေငွေ့ပါဝင်မှု အခြေအနေ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(တတိယ) ဆယ်ရက်ပတ်အတွင်း(လေထုစိုထိုင်းဆ) အခြေအနေမှာ-ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် (၄၉ရာခိုင်နူန်း) မှ (၅၉ ရာခိုင်နူန်း)အကြား၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် (၆၀ ရာခိုင်နူန်း) မှ (၆၉ ရာခိုင်နူန်း) အကြား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့် အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၇၂ ရာခိုင်နူန်း) မှ(၇၉ ရာခိုင်နူန်း)အကြားနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) (၈၀ရာခိုင်နူန်း) မှ (၈၉ ရာခိုင်နူန်း) အကြားအသီးသီး ရှိခဲ့ပါသည်။

ပင်ငွေ့ရေပျံနူန်းအခြေအနေ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (တတိယ) ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနူန်း) အခြေအနေများမှာ-စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင်(၂၄ မီလီမီတာ) မှ (၃၀ မီလီမီတာ) အတွင်း၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) နှင့် ရခိုင်ပြည်နယ်တို့တွင် (၃၂ မီလီမီတာ) မှ (၃၉ မီလီမီတာ) အတွင်း၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၄၁ မီလီမီတာ) မှ (၄၈ မီလီမီတာ) အတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် (၅၁ မီလီမီတာ) မှ (၅၂ မီလီမီတာ) အတွင်း အသီးသီးရှိခဲ့ပါသည်။

မြေဆီလွှာအောင်းရေအခြေအနေ

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (တတိယ) ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာ စိုစွတ်မှု) အခြေအနေများမှာ- ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြေဆီလွှာ အောင်းရေအခြေအနေသည် (စိုစွတ်) အခြေအနေနှင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မြေဆီလွှာအောင်းရေအခြေအနေသည် (ခြောက်သွေ့) အခြေအနေတို့တွင် အသီးသီးရှိခဲ့ပါသည်။

စိုက်ပျိုးရေးမိုးလေဝသဌာနခွဲ

x-special/nautilus-clipboard
copy
file:///home/greenovator/Downloads/Aqua-for-facebook-post.png

ကိုးကား-မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဉီးစီးဌာန

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်