လာမည့်နှစ်တွင် ကြောင်ပန်းစေ့ကို ဥရောပနိုင်ငံဘက်သို့ စမ်းသက်တင်ပို့မည်

07/12/2018 15:50 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကြောင်ပန်းစေ့ကို မြေသြဇာ၊ စိုက်ပျိုးရေးဆေးများ အသုံးပြုစရာမလိုပဲ မြန်မာနိုင်ငံ နေရာအနှံတွင် အလွယ်တ ကူ စိုက်ပျိုးနိုင်ပြီး၊ လက်ရှိတွင် တရုတ်နိုင်ငံသို့ နှစ်စဉ် တင်ပို့နိုင်နေပြီး လာမည့်နှစ်တွင် ဥရောပနိုင်ငံစျေးကွက် သို့ စမ်းသပ်တင်ပို့နိုင်ရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

“ တရုတ်ပဲ တင်ပို့တာကလည်း အဆင်ပြေပါတယ်။ အခုက ဥရောပ စျေးကွက်ဘက်ကို လှည့်ကြည့်မယ်ဆို တာက စမ်းသတ်တာပေါ့။ ဥရောပနိုင်ငံတွေမှာ ကြောင်ပန်းစေ့ကို ဘယ်လိုနေရာတွေမှာ အသုံးပြုလဲဆိုတာ မ သိပေမယ့် သူတို့ရဲ့ စျေးကွက်ထဲ တိုးကြည့်မလို့ပါ” ဟု မကွေးမြို့မှ ကြောင်ပန်းစေ့ကုန်သည် ဦးစိုးဝင်းက ပြော သည်။

လက်ရှိတွင် ဆွစ်ဇာလန်နိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ ကြောင်ပန်းစေ့ကို ဓါတ်ခွဲစမ်းသတ်ရန်အတွက် ပေးပို့ရန်ကမ်း လှမ်းထားပြီး အခြားကုန်စည်များတွင် ကြောင်ပန်းစေ့ကို ထည့်သွင်းအသုံးပြုနိုင်ခြင်း ရှိ၊ မရှိကိုပါ စမ်းသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန်


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်