မြန်မာ့ဆန်စပါးအသင်းချုပ်မှ ရေကြီးနစ်မြုပ်လယ်မြေများအတွက် စပါးပြန်လည်စိုက်ပျိုးနိုင်ရေး အကူအညီပေးမည့် အစီအစဉ်နှင့် စပ်လျဉ်းသည့်သတင်း ထုတ်ပြန်ကြေညာ

01/08/2018 14:21 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံ၏ ဆန်စပါး အဓိကစိုက်ပျိုးထုတ်လုပ်လျက်ရှိသော ဒေသများဖြစ်သည့် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ရေကြီးနစ်မြုပ်များဖြစ်ပေါ်ခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးခဲ့သော လယ်ယာမြေများတွင် စပါးအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက်လည်းကောင်း၊ စပါးအထွက်နှုန်းများ မထိခိုက်စေရေးအတွက်လည်းကောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ  နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင် ရာများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကူညီပေးနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ရေကြီးနစ်မြုပ်ပြီး စပါးစိုက်ဧကများ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် တောင်သူများအနေဖြင့် လိုအပ်ပါက အကူအညီဆက်သွယ်ရယူနိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ရုံးဖုန်းနံပတ် ၀၁-၂၁၈၂၆၆, ၂၁၈၂၆၈၊ ၀၁-၂၃၀၁၁၂၈,၂၃၀၁၁၂၉ သို့ ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်း အသိပေးကြေညာခဲ့သည်ဟုသိရှိရပါသည်။   

 ကိုးကား - မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်