မြေလွတ်မြေရိုင်းပေါ်တွင် စိုက်ပျိုးသက် ၄ နှစ်ရှိပါက ၎င်းမြေကို ပုစံ (၇) ထုတ်ပေးမည်

27/12/2018 09:18 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မကွေးတိုင်းဒေသကြီးအတွင်း၌ လုပ်ကိုင်ခြင်းမရှိသည့် မြေလွတ်မြေရိုင်းဧက (၂)သိန်းခန့်ကို သိမ်းယူထားပြီး အမှန်တကယ် လုပ်ကိုင်မည့်သူများအနေဖြင့် ၄ နှစ်ဆက်တိုက် စိုက်ပျိုးထွန်ယက်လုပ်ကိုင်ပါက ပုံစံ (၇ ) ထုတ်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီး မှူး ဦးဇော်ဝင်းက ပြောသည်။

လက်ရှိ မကွေးတိုင်းဒေသကြီးအတွင်း၌ လုပ်ငန်းလုပ်ကိုင်ရန်အတွက်ဟုဆိုကာ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်း ၁၁၆ ခုမှ မြေဧက ၂၀၄,၅၃၁ ခန့်ကို ငှားရမ်းယူထားကြသော်လည်း၊ လုပ်ကိုင်ခြင်းမရှိသည့် မြေဧက ၁၉၉,၃၅၂ ခန့်အား စီစစ်တွေ့ရှိရသဖြင့် ပြန်လည်သိမ်းယူထားကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန စာရင်းများအရ သိရသည်။

သတင်းအပြည့်အစုံဖတ်ရန်


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်