မကွေးတိုင်းဒေသကြီးအတွင်း၌ လုပ်ကိုင်ခြင်းမရှိသည့် မြေလွတ်မြေရိုင်းဧက (၂)သိန်းခန့်ကို သိမ်းယူထားပြီး အမှန်တကယ် လုပ်ကိုင်မည့်သူများအနေဖြင့် ၄ နှစ်ဆက်တိုက် စိုက်ပျိုးထွန်ယက်လုပ်ကိုင်ပါက ပုံစံ (၇ ) ထုတ်ပေးသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီး မှူး ဦးဇော်ဝင်းက ပြောသည်။
လက်ရှိ မကွေးတိုင်းဒေသကြီးအတွင်း၌ လုပ်ငန်းလုပ်ကိုင်ရန်အတွက်ဟုဆိုကာ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်း ၁၁၆ ခုမှ မြေဧက ၂၀၄,၅၃၁ ခန့်ကို ငှားရမ်းယူထားကြသော်လည်း၊ လုပ်ကိုင်ခြင်းမရှိသည့် မြေဧက ၁၉၉,၃၅၂ ခန့်အား စီစစ်တွေ့ရှိရသဖြင့် ပြန်လည်သိမ်းယူထားကြောင်း မကွေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန စာရင်းများအရ သိရသည်။
East West Seed Myanmar ကြော်ငြာ
မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ
Greenovator