ချဉ်ပေါင်ဖာလာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် master Plan တစ်ခု ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ချဉ်ပေါင်ဖာလာ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
အဆိုပါအသင်းမှ စိုက်ပျိုးရေးနှင့် စပ်လျဉ်းသည့် စီးပွားရေးလုပ်ငန်းများ တိုးတက်ခိုင်မာလာစေရန်၊ ပြည်တွင်း၊ ပြည်ပဈေးကွက် ချိတ်ဆက်မှုများ အားကောင်းလာစေရန်၊ ချဉ်ပေါင်ဖာလာကို တရုတ်နိုင်ငံမှ တရားဝင်ဝယ်ယူလာသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ချဉ်ပေါင်ဖာလာ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးစောဗစ်တာခလိုက်က ပြောသည်။
“ ဒီကဏ္ဍတိုးတက်ဖို့ အထူးသဖြင့်တော့ ကရင်ပြည်နယ် သံတောင်ကြီးဒေသ ချဉ်ပေါင်ဖာလာဖွံ့ဖြိုးဖို့ Action Plan တစ်ခု ရေးဆွဲနိုင်ဖို့ပါ ” ဟု ၎င်းက ဆိုသည်။
Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more
Facebook page သို့သွားရန်