တိရိစ္ဆာန် ကာကွယ်ဆေးထိုး သင်တန်းဖွင့်

27/05/2019 10:30 AM တွင် agri_digit_news agri_digit_news မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကျေးလက်နေ တောင်သူများ၏ တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်း အဆင့်မြှင့်လာပြီး မျိုးရိုးဗီဇ ကောင်းမွန်စွာ မွေးမြူနိုင်ရန်နှင့် လိုအပ်သော ဆေးဝါးများ စနစ်တကျ သုံးစွဲတတ်စေရန် ရည်ရွယ်၍ တိရိစ္ဆာန် ကာကွယ်ဆေးထိုး သင်တန်းကို မင်းဘူးခရိုင် စလင်း မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပသည်။

သင်တန်းတွင် မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာ အောင်သူရနှင့် သင်တန်းနည်းပြ ဆရာများက တိရိစ္ဆာန်များတွင် ဖြစ်ပေါ်တတ်သော ကူးစပ်ရောဂါများ အကြောင်း တိရိစ္ဆာန် အမျိုးအစားအလိုက် ကာကွယ်ဆေး အသုံးပြုပုံနှင့် ဆေးအာနိသင် သုံးစွဲရမည့် ပမာဏများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပြီး ယနေ့တွင် စလင်းမြို့နယ် ကြို့ဝန်းကျေးရွာ အုပ်စုအတွင်းရှိ ကြို့ဝန်း၊ ဘီးစပ်၊ ဦးရစ် ကျေးရွာများသို့ သွားရောက်၍ ကျွဲ အကောင် (၄၀)၊ နွား အကောင် (၃၀၀)အား ပေါင်ပုတ်၊ လက်ပုတ် ရောဂါကာကွယ်ဆေး ထိုးခြင်းကို လက်တွေ့ သင်ကြား ထိုးနှံစေခဲ့သည်။

အဆိုပါ သင်တန်းတွင် စလင်းမြို့နယ် အတွင်းရှိ ကျေးရွာများမှ တောင်သူ (၂၀) ဦး တက်ရောက် လျက်ရှိပြီး သင်တန်းကာလမှာ မေလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

စိုးမိုးသူ (စလင်း)


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်