COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

12/04/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁၂-၄-၂၀၂၀) ရက်နေ့၊ နံနက် (၂:၀၀) နာရီ 

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁၁-၄-၂၀၂၀)ရက်နေ့၊ ည ဓာတ်ခွဲစစ်ဆေးမှုများအရ စောင့်ကြည့်လူနာများ၊ ဆေးရုံများနှင့် သက်ဆိုင်ရာ နေရာများ တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသူများ စုစုပေါင်း (၂၃၀) ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) ၌ ဖော်ပြထားရှိသော လူနာ (၇) ဦးနှင့် (၁၁-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီသတင်းတွင် ဖော်ပြပြီးဖြစ်သော လူနာ (၃)ဦး၊ စုစုပေါင်း (၁၀)ဦး၏ ဓာတ်ခွဲ အဖြေတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာများနှင့် အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုမှုခံနေသူ (၂၂၀) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း တွေ့ရှိရပါသည်။ 

၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-032) မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နေ အသက် (၃၈)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး (၂၃-၃-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် (၂၈-၃-၂၀၂၀)ရက်နေ့တွင် လှည်းကူးပြည်သူ့ဆေးရုံသို့ သွားရောက် ပြသခဲ့ပါသည်။ ၎င်းတွင် လွန်ခဲ့သော (၃)လခန့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည့် ရာဇဝင်ရှိသဖြင့် စောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။

၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-033) မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ အသက် (၂၉)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး (၇-၄-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းတို့ ခံစားရသဖြင့် (၁၀-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအားစောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိပါ။

၄။ ဓာတ်ခွဲအတည်ပြုလူနာ (Case-034) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အသက် (၂၀)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး (၈-၄-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားခြင်း၊ လည်ချောင်း နာခြင်းတို့ ခံစားရသဖြင့် (၁၀-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသ ခဲ့ရာ ၎င်းအားစောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိပါ။

၅။ ဓာတ်ခွဲအတည်ပြုလူနာ (Case-035) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အသက် (၂၄)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး (၈-၄-၂၀၂၀)ရက်နေ့မှ စတင်၍ အသက်ရှူကြပ်ခြင်း၊ လည်ချောင်းနာခြင်းတို့ ခံစားရသဖြင့် (၁၀-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ ခြင်း ဖြစ်ပါသည်။ ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိပါ။

၆။ ဓာတ်ခွဲအတည်ပြုလူနာ (Case-036) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အသက် (၃၃)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး (၈-၄-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားခြင်း၊ လည်ချောင်း နာခြင်း၊ နှာရည်ယိုခြင်းလက္ခဏာများ ခံစားခဲ့ရသဖြင့် (၁၀-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအားစောင့်ကြည့်လူနာ အဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိပါ။

၇။ ဓာတ်ခွဲအတည်ပြုလူနာ (Case-037) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အသက် (၄၄)နှစ်အရွယ် အမျိုးသား (၁)ဦးဖြစ်ပြီး (၈-၄-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုး ခြင်းတို့ ခံစားရသဖြင့် (၁၀-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသ ခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းတွင် လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိပါ။

၈။ ဓာတ်ခွဲအတည်ပြုလူနာ (Case-038) မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ အသက် (၇၈)နှစ်အရွယ် အမျိုးသမီး (၁)ဦးဖြစ်ပြီး (၂၆-၃-၂၀၂၀)ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ ဝမ်းသွားခြင်းတို့ ခံစားရသဖြင့် (၁၀-၄-၂၀၂၀)ရက်နေ့တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေး ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းတွင် သွေးတိုးရောဂါအခံရှိကြောင်း သိရှိရပြီး လွန်ခဲ့သော (၁၄)ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိပါ။

၉။ ဓာတ်ခွဲအတည်ပြုလူနာများဖြစ်သော (Case-034) ၊ (Case-035) ၊ (Case-036) နှင့် (Case-037) တို့သည် နိုင်ငံခြားသားများ ပါဝင်သော ဘာသာရေးအခမ်းအနားသို့ အတူတက်ရောက်ခဲ့သည့် ရာဇဝင်ရှိ ကြောင်းသိရှိရပါသည်။ ထပ်မံတွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာ (၇)ဦး၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ၎င်းတို့အား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းပေးပို့၍ ဆေးကုသမှု ပေးသွားမည်ဖြစ်ပါသည်။

၁၀။ ယခုအခါ (၂၃-၃-၂၀၂၀)ရက်နေ့မှ (၁၂-၄-၂၀၂၀)ရက်နေ့၊ နံနက် (၂:၀၀)နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၈) ဦး တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။

၁၁။ သို့ဖြစ်ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများမှာ ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၂)ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၈) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁) ဦး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင့်် လူနာ (၁) ဦး၊ တီးတိန်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်လျက်ရှိသော လူနာ (၁)ဦး၊ ဝေဘာဂီ အထူးကုဆေးရုံသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်လျက်ရှိသော လူနာ (၈)ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးပို့ရန် စီစဉ်လျက်ရှိသော လူနာ (၁)ဦး၊ စုစုပေါင်း (၃၂)ဦးတို့ဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၁၂။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများအားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့်သတ်ကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဓာတ်ခွဲ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ပြည်သူလူထုအနေဖြင့် နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်